==============================
နန်းသီတာဝင်း
==============================
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ ချင်းပြည် နယ်တစ်ခုလုံးအတွက် အရေးပေါ် လိုအပ်သည့်နေရာများတွင် အ သုံးပြုရန် ကျပ်သန်းပေါင်း၁၀၀၀ ကျော်ကို အတည်ပြုလိုက်ကြောင်း ယင်းပြည်နယ် လွှတ်တော်ကိုယ် စားလှယ်များထံမှ သိရသည်။
ထန်တလန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရော် ဘင်က ''တစ်နှစ်လုံးရေးဆွဲထား တဲ့ ဘတ်ဂျက်မှာမပါဘဲ ကြားထဲ မှာဖြတ်ပြီး လိုအပ်လာတဲ့နေရာ တွေမှာသုံးဖို့အတွက် ကျပ်သန်း ပေါင်း ၁၁၂၃သန်းကို ပြည်နယ် လွှတ်တော်ကနေ အတည်ပြုလိုက် တာပါ''ဟု ပြောသည်။
အရေးပေါ်ဖြည့်စွက်ရန်ပုံ ငွေသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် ရေးဆွဲထား သော ဘတ်ဂျက်တွင်မပါဘဲ အ ရေးပေါ် လိုအပ်သည့်နေရာများ တွင် သုံးစွဲရန်အတွက် အတည် ပြုခြင်းဖြစ်ပြီး ယင်းအတွက် နိုဝင် ဘာ ၂၅ရက်နှင့် ၂၆ရက်တို့တွင် အရေးပေါ်အစည်းအဝေးကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအုန်းလွင်က ''အခုအ တည်ပြုလိုက်တဲ့ငွေတွေက ကျွန် တော်တို့ ပြည်နယ်တစ်ခုလုံးအ တွက်မလုံလောက်ပေမယ့် လိုအပ် တဲ့နေရာမှာတော့ ဖြည့်စွက်နိုင် ပါတယ်''ဟု ပြောသည်။
အဆိုပါအတည်ပြုလိုက် သော ကျပ်သန်းပေါင်း၁၀၀ဝကျော် ကို ဗဟိုအဆင့်အထိတင်ပြပြီးဖြစ် ကြောင်း၊ အတည်ပြုလိုက်ပါက ချင်းပြည်နယ်တစ်ခုလုံး၏ လိုအပ် နေသော ကဏ္ဍတိုင်းတွင် ယခု ဘဏ္ဍာနှစ်ကုန် မတ်လအထိ ခွဲ ဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ဦးရော်ဘင်က ထပ်မံပြောသည်။
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment