0


အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် အိမ်နီးချင်း နိုင်ငံများမှ နှုန်းထားများကို ထည့်သွင်းစဉ်းစားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အလုပ်သမားများ၏ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် Myanmar Development Research Institute နှင့် ပူးပေါင်းကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အိမ်နီးချင်း အာဆီယံ နိုင်ငံများမှ ကျင့်သုံးနေမှုများကိုလည်း ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးစဉ်းစားရာတွင် လုပ်ငန်းအမျိုးအစား မတူသည့် အထည်ချုပ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာကဏ္ဍလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းများ၌ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်း အချင်းချင်း ဦးစွာဆွေးနွေးပြီး ရရှိလာသည့် ရလဒ်များအပေါ် မူတည်၍ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။

အချိန်ပိုကြေးသည် ဥပဒေနှင့်အညီ ခံစားခွင့်ရှိပြီး အနည်းဆုံး အခကြေးငွေ မသတ်မှတ်နိုင်သေးမီ ကာလများတွင် လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top