မလေးရှားနိုင်ငံ ဂျိုဟိုးမြို့တွင် ဖော်ဆောင်မည့်မြို့သစ်အကွက်များ တွင် ဆောက်လုပ်မည့် ကွန်ဒိုတိုက်ခန်း များကို မြန်မာနိုင်ငံတွင် လာရောက် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂျိုဟိုးမြို့ ကွက်သစ်များ တွင် ဆောက်လုပ်မည့် ကွန်ဒိုအခန်းများ ကို စင်ကာပူနိုင်ငံရှိ CHINTHE Asia LLP မှဆောက်လုပ် မည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ ဝယ်ယူ လိုသူများအတွက် အရစ် ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု အထက်ပါကုမ္ပဏီမှ မစ္စတာတိုနီက ပြောသည်။
”မလေးအိမ်ခြံမြေဈေးကွက် လာ ရောက်ရင်းနှီးမြှုပ်နှံချင်သူတွေလည်း အ ဆင်ပြေသွားအောင်ဆိုပြီး ဒီမှာလာ ရောင်းပေးမှာပါ”ဟု ၄င်းက ပြောသည်။
အဆိုပါ ကွန်ဒိုတိုက်ခန်းများကို အခန်းပုံစံမျိုးစုံဖြင့် ဆောက်လုပ်သွား မည်ဖြစ်ပြီး အခန်းများအတွက် ပျမ်းမျှ တန်ဖိုးမှာ တစ်ပေပတ်လည်အတွက် မလေးငွေကြေး ၁၈ဝဝ သတ်မှတ်ထား ပြီး မြန်မာငွေကြေးအရ တစ်ပေပတ် လည်လျှင် ၂ သိန်းနီးပါးရှိသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
၎င်းတို့အနေဖြင့် ရောင်းချပေးမည့် အရစ်ကျပုံစံမှာ ပထမအရစ်အဖြစ် အခန်းတန်ဖိုး၏ တစ်ဆယ်ရာခိုင်နှုန်း စတင်ပေးသွင်းရမည်ဖြစ်ပြီး ဆက်လက် ၍ ကျန်လများတွင် လစဉ် ဆယ်ရာခိုင် နှုန်းဖြင့်ပေးသွင်းသွားရမည်ဖြစ်သည်။ မိမိပေးသွင်းထားသည့် အခန်းတန်ဖိုး ၈၅ ရာခိုင်နှုန်းပြည့်လျှင် ကုမ္ပဏီမှ အရစ်ကျပေးသွင်းထားသူအား အခန်း သော့အပ်မည်ဟု မစ္စတာတိုနီက ပြော သည်။
အဆိုပါ ကွန်ဒိုအခန်းများကို လာမည့်နှစ်အတွင်း၌ မြန်မာနိုင်ငံတွင် လာ ရောက်ရောင်းချပေးမည်ဖြစ်ကာ အဆို ပါစီမံကိန်းကို လာမည့်ခြောက်လ အ တွင်းအကောင် အထည်ဖော်ဆောက် လုပ်သွားမည်ဟု သိရသည်။
အိမ်စည်စိုးစံ၊ မြတ်စုငြိမ်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal

Post a Comment