ရန်ကုန်၊ နိုဝင်ဘာ ၉
၉.၁၁.၂၀၁၃ ရက်နေ့ ၀၄၄၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ဃ/တိုးချဲ့ရပ်ကွက်၊ ဥက္ကလာသီရိပန်းခြံလမ်း၊ အမှတ်(၇)နေ ဦးမောင်သီ (ဘ)ဦးထန်စွပ်၏နေအိမ်ဝဲဘက်ရှိ အပိုပစ္စည်း ထားသောဂိုဒေါင်
မျက်နှာကျက်အတွင်း သွယ်တန်းထားသောဝါယာကြိုးများ အပူရှိန်လွန်ကဲကာ မျက်နှာကျက်သစ်သားတန်းများအား မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်(၁၃)စီး ရောက်ရှိ ငြိမ်းသတ်သဖြင့် ၀၄၅၀ အချိန်မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး(၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှံးခဲ့ သောကြောင့် မီးပေါ့ဆစွာအသုံးပြုသူ ဦးမောင်သီအား မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၉၁၂/၂၀၁၃၊
ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန် Credit To >Yangon Police
Post a Comment