Home
»
မှုခင်းသတင်းများ
» မန္တလေးဘူတာကြီးတွင် ငွေကျပ်(၃၉၉)သိန်းတန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၂၂၁-၁၁-၂၀၁၃ ရက်နေ့ ၁၄၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ရထားရဲတပ်ဖွဲ့(မန္တလေး) မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့မှတပ်ဖွဲ့ဝင်များသည် မန္တလေးဘူတာကြီး၊ အမှတ်(၁)စင်္ကြန်တွင် တွဲဆိုင်း ထိုးထားသော မန္တလေးမှမြစ်ကြီးနားသို့ထွက်ခွာမည့် အမှတ်(၅၅)အဆန်ရထား၊ ရိုးရိုးတန်းတွဲ(၂)ပေါ်သို့ ခရီးဆောင်အိတ်များလွယ်လျက် ရောင်စုံပလပ်စတစ်ဆွဲခြင်းတစ်လုံးအား အတူဆွဲ၍တက်လာသော ခုံမဲ့ လက်မှတ်များဖြင့်လိုက်ပါမည့် မိုးညှင်းမြို့နယ်၊ အောင်သပြေ(၃)ရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ကူမေဖုန် (၅၁)နှစ်နှင့် ဒေါ်ကော်ရွှင်ကျီး(၄၇)နှစ်တို့ ၂ ဦးအား ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ လက်ဆွဲခြင်းအတွင်း ကြက်မောက်သီးဖျော်ရည်(၄)ဗူးအတွင်းဝှက်၍ထည့်ထားသည့် အပြာရောင်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော ၈၈။၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြား(၁၀)ထုပ်စီပါ သံဗူး ၂ ဗူး၊ (၁၁)ထုပ်စီပါ သံဗူး ၂ ဗူး၊ စုစုပေါင်းဆေးပြား(၇၉၈၀)ပြား၊ တန်ဘိုးငွေကျပ်(၃၉၉)သိန်းအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ဒေါ်ကူမေဖုန်နှင့် ဒေါ်ကော်ရွှင်ကျီးတို့ ၂ ဦးအား မန္တလေးရထားရဲစခန်း မယ(ပ)၂၆/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To > ရဲဇာနည် https://www.facebook.com/excellencemedia
Post a Comment