0


နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၁-၁၁-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မိတ္ထီလာ)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပြည်သာယာတောင်ရပ်ကွက်၊ မိတ္ထီလာ-မန္တလေးကားလမ်းတွင် ““န၀ရတ်””ခရီးသည်ပို့ဆောင်ရေးယာဉ် အသင်းမှ ၁ခ/xxxx မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရုတ်ပြည်၌အလုပ်လုပ်ရန်နှင့် တရုတ်အမျိုးသားများနှင့်လက်ထပ်ယူရန် လိုက်ပါလာသည့် မိတ္ထီလာမြို့နေ မxxxxxx(၃၉)နှစ်ပါ ၂ ဦးအားတွေ့ရှိရပြီး ၎င်းတို့အား မိတ္ထီလာမြို့နယ်၊ ပြည်သာယာရပ်ကွက်နေ မပိုပိုကြိုင်(ခ)ဖြိုးဖြိုး(၃၄)နှစ်မှ စည်းရုံးခေါ်ဆောင်လာကြောင်းသိရှိရသဖြင့် မပိုပိုကြိုင်(ခ)ဖြိုးဖြိုးအား မိတ္ထီလာအမှတ်(၃)နယ်မြေရဲစခန်း(ပ)၁၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To > ရဲဇာနည် https://www.facebook.com/excellencemedia

Post a Comment

 
Top