0
နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၁-၁၁-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် အမှတ်(၇)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (တမူး)မှတပ်ဖွဲ့ဝင်များ၊ တမူးခရိုင်ဒုစရိုက်နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ပန်းသာရဲကင်းမှတပ်ဖွဲ့ဝင်များနှင့် (၃)မိုင်ရဲကင်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တမူး-ကလေးကားလမ်းမပေါ်တွင်စောင့်ဆိုင်းနေစဉ် တမူးမြို့မှကလေးမြို့ဘက်သို့ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိန်ရွာနေ ဗိုလ်ဗိုလ်(၂၁)နှစ်မောင်းနှင်လာသောဆိုင်ကယ်အား ရပ်တန့်ရှာဖွေ ခဲ့သည်။ ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် ပီနံအိတ်ဖြင့်ထည့်ထားသော စက္ကူဂျပ်ဖာအတွင်းမှ ဘိန်းဖြူအမှုန့်(၁၂)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက်(၂၁)ခွက်၊ အလေးချိန်(၂၅၂)ဂရမ်၊ တန်ဘိုးငွေကျပ် (၁၅၁.၂)သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါဘိန်းဖြူများအား တစ်ရွာ တည်းနေ စိုးဝင်း(၅၀)နှစ်မှဝယ်ယူခိုင်းခြင်းဖြစ်ပြီး ၎င်းမှာ ခမိတ်ရွာတွင်စောင့်ဆိုင်းနေကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီးရာ စိုးဝင်းအား ၂၁၃၀ အချိန်ဖမ်းဆီးရမိခဲ့သောကြောင့် ဗိုလ်ဗိုလ်နှင့်စိုးဝင်းတို့ ၂ ဦးအား တမူးမြို့မရဲစခန်း မယ(ပ)၅၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည် https://www.facebook.com/excellencemedia

Post a Comment

 
Top