လန်ဒန် ၊ Ref - Daily Mirror
နောက်ကျကျန်ရစ်ရာက လူမှုရေး၊ ပညာရေး၊ နောက်ခံအား အနည်းဆုံးသူများ ဆက်လက် မပေါ်ပေါက်ရေးအတွက် ကလေး များအနေဖြင့် အသက်နှစ်နှစ်အ ရွယ်တွင် ကျောင်းစနေသင့်ကြောင်း ကျောင်းများကို စစ်ဆေးသော တရားဝင်အဖွဲ့အစည်းOfsted ၏ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။နိုင်ငံတစ်ဝန်းအဆင်းရဲဆုံး ဧရိယာများမှ ငါးနှစ်အောက်ကလေး များ၏ စာမလိုက်နိုင်မှုကို ကိုင် တွယ်ရန် ကြီးမား၊ သတ္တိ၊ ရဲရင့်၊ လှုပ်ရှားမှုလိုအပ်ကြောင်း ဘေ ရွန်နက်စ်ဆယ်လီမော်ဂန်က ယုံ ကြည်နေသည်။ အင်္ဂလန်၌ လက် ရှိကလေးအများစုမှာ ၎င်းတို့၏ လေးနှစ်မြောက် မွေးနေ့ပြီးနောက် စက်တင်ဘာလ၌ ကျောင်းစမတက် မီ သုံးနှစ် သို့မဟုတ် လေးနှစ်အ ရွယ်တွင် နေ့ကလေးထိန်းကျောင်း သို့သွားသည်။
တရားဝင်အားဖြင့် အင်္ဂလန်တွင်နေထိုင်သော ကလေး အားလုံး ၎င်းတို့၏ငါးနှစ်မြောက် မွေးနေ့နောက်ပိုင်းကစ၍ အချိန် ပြည့်ပညာရေးတွင် ရှိနေရသည်။ သို့သော်လည်း ကျောင်းများသည်အသက် နှစ်နှစ်မှ ၁၈နှစ်အထိ လက်ခံ သင်ကြားသင့်ကြောင်း လန်ဒန်၌ကျင်းပသော ပညာရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဘေရွန်နက်စ်မော်ဂန်က ပြောကြား ခဲ့သည်။ ကျောင်းသို့ရောက်လာ သောကလေးများကို မတူသည့် အဆင့်တစ်ခု၌ နေရာပေးနိုင်ပါ က အချိန်ကုန်သက်သာခြင်းနှင့် အပြောင်းအလဲလုပ်နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးခင်က လက်ခံ ရာ အတန်းခန်းများသို့ ရောက် လာကြသည့် များပြားလွန်းသည့် ကလေးများမှာ ခါးတောင်းကြိုက် ပိတ်စများ ရှိသေးခြင်း၊ စကား ကောင်းမွန်စွာ မပြောတတ်ခြင်း နှင့် အခြေခံကျွမ်းကျင်မှုများမရှိ ကြောင်း ဆရာများထံမှ တိုင်တန်း မှုများထွက်ပေါ်လာစဉ် ယခုလှုပ် ရှားမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ စည်းမျဉ်းများပြောင်းလဲကာ နှစ် နှစ်မှစ၍ ကျောင်းစနေလျှင် အ ဆင်းရဲဆုံးကလေးများအပေါ် အမှန်တကယ် အာရုံစိုက်နိုင်လိမ့် မည်ဟု ဘေရွန်နက်စ်မော်ဂန်က ယုံကြည်နေသည်။
လူမှုရေး၊ ပညာရေး၊ ကျော ထောက်နောက်ခံ အမှန်တကယ် အားနည်းသော ကလေးအများ အပြားသည် သင်ယူရန်အဆင် သင့်မဖြစ်သေးသဖြင့် ၎င်းတို့အား ပညာမပေးနိုင်မီ ကျောင်းကပြုစု ပျိုးထောင်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ မကြာ သေးခင်ကOfsted ၏ အစီရင်ခံ စာတစ်ခုအရ ဆင်းရဲသော ငါးနှစ် သားကလေးများသည် ၎င်းတို့နှင့် သက်တူကြွယ်ဝသော ကလေး များနောက် ၁၉လမျှ နောက်ကျ မှုကျန်ရစ်သည်ဆိုသည်။
အေးချမ်းမွန် Credit To >Yangon Media Group
http://ayechanmon-news1.blogspot.com/
Post a Comment