သိကြားမင်းနဲ့ သုဇာတာကို
ဘ၀တွေက ခြားထားတယ်။
ရှင်မွေးနွန်းနဲ့ မင်းနန္ဒာကို ...
ငမိုးရိပ်ချောင်းက ခြားထားတယ်။
သံပြင်မင်းသမီးကို ...
လိုင်ကာတွေက ခြားထားတယ်။
ဒါပေမယ့် ...
သူတို့ရဲ့ချစ်ခြင်းမေတ္တာတရားကိုတော့ ...
ဘယ်အရာတွေကမှ မတားစီးနိုင်ခဲ့ကြဘူး။
ကောင်မလေးရေ ...
တံတိုင်းခြားထားတဲ့ ခရီးမိုင်တွေကြားမှာ
ငါ့ရဲ့အချစ်တွေကို ...
ပိုင်းခြားလို့ ထားတော့မှာလား ?
ဒါမှမဟုတ် ...
တံတိုင်းခြားထားတဲ့ ခရီးမိုင်တွေကြားက
ငါ့ရဲ့အချစ်တွေကို ...
တန်ဖိုးထား နားလည်လို့ ပေးမှာလား ?
ကောင်မလေးရယ် ဖြေပါ ...
မြ၀ဏိုးစံ
အေးချမ်းမွန် Credit To >စာပေဥယျာဉ်
http://ayechanmon-news1.blogspot.com/
Post a Comment