0

Created on Saturday, 30 November 2013 01:55 

မွန်နှစ်ပါတီ ပေါင်းစည်းပြီး ပါတီနာမည်အသစ် ရွေးချယ်ခြင်းနှင့် ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း နှစ်ပါတီ ပေါင်းစည်းရေး လုပ်ငန်းကော်မတီမှ ဦးမင်းကြည်ဝင်းက ပြောကြားသည်။

ဦးမင်းကြည်ဝင်းက "ကျွန်တော်တို့ လာမယ့်ဒီဇင်ဘာ ၈ ရက်မှာ ပါတီနာမည်အသစ် ရွေးချယ်မယ်။ နောက်အဲဒီနေ့မှာပဲ ရွေးချယ်လိုက်တဲ့ ပါတီနာမည်နဲ့ ကော်မရှင်ကို ပါတီမှတ်ပုံတင်ဖို့ ကိစ္စတွေကို ဆက်လုပ် သွားပါမယ်"ဟု ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီပါတီတို့သည် ၂၀၁၂ ဇူလိုင်မှ စတင်ကာ နှစ်ပါတီပေါင်းစည်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ နိုဝင်ဘာ ၂၂ ရက်တွင် နှစ်ပါတီ ပေါင်းစည်းမည့် တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ နာမည်အသစ် ရွေးချယ်ခြင်းအတွက် သဘောထားကောက်ခံရာတွင် ဒီဇင်ဘာ ၂ ရက်အထိ မည်သည့် မွန်လူမျိုးမဆို ပါတီနာမည်အသစ်အတွက် နှစ်ပါတီပေါင်းစည်းရေး ကော်မတီသို့ လာရောက် အကြံပေးနိုင်ပြီး ထိုအထဲကမှ ကော်မတီဝင်များအားလုံး သဘောတူညီသည့် နာမည်ကို ပါတီနာမည်အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့သည် အသစ်ပေါင်းစည်းလိုက်သည့် ပါတီအသစ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာအပါအ၀င် အခြားသောနေရာများအတွက် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top