0


နေပြည်တော်၊ နိုဝင်ဘာ ၂၂

၂၀-၁၁-၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်၊ ဆုတောင်းပြည့်ဘုရားစောင်းတန်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ နတ်မောက်မြို့၊ မြို့မရပ်နေ ဇော်မင်း (၁၈)နှစ်အား ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ ၎င်းထံမှ NOKIA စာတန်းပါ လိမ္မော်ရောင်နှင့် အဖြူရောင်စပ်ကြားဟန်းဆက်(၁)လုံး၊ ၀၉xxxxxxxxx SIM CARD နှင့် ဖုန်းအားသွင်းကြိုးအနက်ရောင် (၁)ခုတို့အားတွေ့ရှိရပြီး အဆိုပါပစ္စည်းများအား ၎င်းပိုင်ဆိုင်ကြောင်းယုံကြည်နိုင်လောက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် ဇော်မင်းအား နတ်မောက်မြို့မရဲစခန်း (ပ)၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန် Credit To >ရဲဇာနည် https://www.facebook.com/excellencemedia

Post a Comment

 
Top