နေပြည်တော်၊ နိုဝင်ဘာ ၂၂၂၀-၁၁-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ဝိုင်း ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မင်းလှမြို့နယ်၊ စစ္စနို့လမ်းဆုံ၊ သရက်-မင်းလှကားလမ်းပေါ်၌ မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိရသဖြင့်စစ်မေးရာ တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲရွာနေ ၀င်းနိုင်ဦး(၂၀)နှစ်ဖြစ်ပြီး ၎င်း၏ခါးကြားအတွင်းမှ အရိုး(၄)လက်မ၊ အသွား(၄)လက်မခန့်ရှိ မောင်းချဓါးမြှောင်(၁)ချောင်းအား သိမ်းဆည်းရမိခဲ့သောကြောင့် ၀င်းနိုင်ဦးအား မင်းလှမြို့ရဲစခန်း(ပ)၁၃၇/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။အေးချမ်းမွန် Credit To >ရဲဇာနည်
https://www.facebook.com/excellencemedia
Post a Comment