0

========================================
အောင်ထိုက်ဦး
========================================

မော်လမြိုင် ၊ နိုဝင်ဘာ ၂၁ ။ ။ ဂျပန် နိုင်ငံ MITSUBISHI MATE-RIALS CORPORATION သည် မွန်ပြည်နယ်တွင် ဘိလပ် မြေစက်ရုံ တည်ဆောက်နိုင်ရေး အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးသို့ နိုဝင်ဘာ၁၉ရက်က လာ ရောက်ပြီး မွန်ပြည်နယ်အစိုးရအ ဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မစ်ဆူဘီရှီ ကုမ္ပဏီမှ အမှုဆောင်အရာရှိ Mr. Yasuhiko Naguchi က ပြော ကြားရာတွင် မွန်ပြည်နယ်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊ မွန်ပြည်နယ် ပျား တောင်ဒေသတွင် ဘိလပ်မြေစက် ရံဆောက်ရန် သင့်တော်မည့်နေ ရာများရှိပါက ညွှန်ကြားပေးစေ လိုကြောင်း၊ ထုံးကျောက်တောင် ရှိသောနေရာများတွင် ဘိလပ်မြေ စက်ရုံတည်ဆောက်လိုကြောင်း ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျိုက်မရောမြို့ နယ် ဖာသိမ်ဘက်တွင်ရှိကြောင်း၊ ၎င်းနေရာသည် နယ်ခြားစောင့် တပ်နေ ရာဖြစ်ကြောင်း၊ အကောင်း ဆုံးမှာ ဘီးလင်းမြို့နယ် မင်းလွင် ဒေသတွင် ထုံးကျောက်တောင် ရှိပြီး စီးပွားဖြစ်ပြုလုပ်နိုင်ကြောင်း၊ ဘီးလင်းမြို့နယ် မင်းလွင်ဒေသ သည် KNU တပ်မဟာ(၁)ထိန်း ချုပ်နယ်မြေဖြစ် ၍ ၎င်းတို့အဖွဲ့၏ ခွင့်ပြုချက်လည်း လိုအပ်ကြောင်း၊ ၎င်းနယ်သို့သွားလိုလျှင် ကူညီပေး မည်ဖြစ်ကြောင်း၊ KNU တပ်မ ဟာ(၁)က လည်း မိမိနယ်မြေအ တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်၍ လို လိုလားလားကူညီမည်ဖြစ်ကြောင်း၊ အရင်ဆုံး သွားရောက်လေ့လာ ပြီး၍ လုပ်ကိုင်လိုပါက မွန်ပြည် နယ်အစိုးရအဖွဲ့မှ ကူညီပေး မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top