လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်
တန်ဆောင်မုန်းလပြည့်ည
ဇီဝက လမ်းပြလို့ အဇာတသတ်
ဘုရားရှင် သီတင်းသုံးစံမြန်းရာ
သရက်ဥယျာဉ်ကိုရောက်ခဲ့တယ်
တစ်ထောင့်နှစ်ရာငါးကျိပ် ရှိသော
ရဟန်းသံဃာတွေ ချောင်းဟန့် သံမျှမကြားရတော့
သူ့ များလုပ်ကြံလေမလားလို့ 
အဇာတသတ် သောကပွားရင်း
မြတ်စွာဘုရား ရှေ့တော်မှောက်မှာ
သာမညဖလသုတ္တန်ကို
ဖူးမြှော်နာကြားပြီးချိန်မှာတော့
အမိုက်အမှောင်မှာဆီမီးတန်ဆောင်ပြသလိုပဲလို့ လျှောက်ထား
အသက်ထက်ဆုံးဥပါသကာဟုမှတ်တော်မှုပါလို့ ကျူးရင့်
ရတနာသုံးပါးကိုအကြည်ညိုဆုံး ဧတဒဂ် ရခဲ့
ပထမသံင်္ဂါယနာတင်မင်းကြီးဖြစ်ခဲ့
ငရဲတော့မလွတ်ခဲ့ရှာဘူး ......
လွန်ခဲ့တဲ့နှစ်
တန်ဆောင်မုန်းလပြည့်ည
ဝမ်ပေါင် ကလမ်းပြလို့ မင်းခစားတွေ
လက်ပံတောင်းတောင် ကိုရောက်ခဲ့တယ်
ရဟန်း ရှင် လူ ပြည်သူ တွေရဲ့ သပိတ်စခန်း
ချောင်းဟန့် သံမျှမကြားရတော့
မင်းတြားကြီး ရဲ့ စိုးရိမ်မှုတွေ
လောဘတွေ ငယ်ထိပ်တက်
ပြည့်ဝန်ကြီးတွေကိုအမိန့် ပေး
လက် ရဲ ဇက် ရဲ တွေစေလွှတ်
အာရုံတက် မှာ မီးလောင်ဗုံးကပ်
ငရဲပွက်ခဲ့တဲ့ထိုခဏ
တန်ဆောင်မုန်းလပြည့်ညရဲ့ 
အနှစ်သာရပျက်ခဲ့ပေါ့ .......
ရိုင်းခဲ့တဲ့သမိုင်း
သုံးရာခြောက်ဆယ့်လေးရက်အလွန်
ဒီည . . . . .
သာမညဖလ အချိန်အခါ
အဓမ္မအာဏာကိုဖီဆန်
စစ်ခရိုနီကိုတွန်းလှန်ရင်း
သူရဲကောင်းတို့ လက်ပံတောင်း
လယ်တီဆရာတော်အောင်မြေမြတ်မှာ
ကမ္ဘာမကြေ နဲ့ ဆေးပေါင်းခမယ် ၊၊
ကျော်နဝဒေး
တန်ဆောင်မုန်းလပြည့်နေ့ ၊ ၂၀၁၃
အေးချမ်းမွန် Credit To >ကဗျာ မြတ်နိုးသူများ

Post a Comment