ကိုတိုးကြီး| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်
မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့် ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့ည ၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကိုပြောသည်။
“ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြင်းအထန် နာကျင်ဒဏ်ရာရစေအောင် ဥပဒေမဲ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ပိုင် ရဲကားတချို့ကို ပျက်စီးစေအောင်ပြုလုပ်ကြတဲ့အတွက
လက်ပံတောင်းတောင် လုံခြုံရေးရဲများနှင့် မိုးကြိုးပြင်ရွာသုံးရွာမှ ဒေသခံများသည် မုံရွာ - ပုသိမ် အဝေး ပြေးကားလမ်းမကြီးအနီး မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာလ ၁၄ရက် ည၈နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းသို့ ဖြစ်ပွားခြင်းကြောင့် ထိုနေ့ည၌ပင် ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ ဆားလင်းကြီးမြို့မ ရဲစခန်းမှ (ပ) ၂၈၀/၂၀၁၃ ပြစ်မှုပုဒ်မ ၁၄၃/ ၃၃၃/ ၃၄ အရ ရွာသူရွာသား ၁၅၀ ဦးခန့်အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည် ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်းတစ်ဦးက ဆိုသည်။
ထိုနေ့ညက လုံခြုံရေး ရဲဝန်ထမ်းများနှင့် ဒေသခံတောင်သူများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲအရာရှိ နှစ်ဦး၊ အခြားအဆင့် ရဲဝန်ထမ်း ၇ဦး စုစုပေါင်းကိုးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲကားနှစ်စီး၏ ရှေ့ပိုင်း လေကာမှန်များနှင့် အချက်မီးခွက်များ ပျက်စီးခဲ့သည်ဟု ဒု-ရဲမှူးကြီး တင်ထွဏ်းမှ ပြောသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment