0


ကိုတိုးကြီး| တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သံဃာများနှင့် ဒေသခံများက သပိတ်စခန်းများဖွင့်ကာ ဆန္ဒပြတောင်းဆိုသဖြင့် သက်ဆိုင်ရာမှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် တစ်နှစ်ပြည့် ဆုတောင်းပွဲကို နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီက မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်တွင် ပြုလုပ်ခဲ့သည်။

“ မီးလောင်ဗုံးနဲ့ထုပြီး သပိတ်စခန်းတွေကို ဖြိုခွဲခံရတာ တစ်နှစ်ပြည့် ဆုတောင်းခြင်းဖြစ်ပါတယ်” ဟု နိုဝင်ဘာလ ၁၅ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မုံရွာ အကျဉ်းထောင်းမှ ပြန်လည်လွတ်မြောက်လာသူ ကိုရာဇာက မဇ္ဈိမကို ပြောသည်။

ဆုတောင်းပွဲတွင် လက်ပံတောင်းဒေသ မြေသိမ်းခံ တောင်သူ ၁၅၀ ခန့်က လာရောက်ဆုတောင်းခဲ့သည်ဟု ဆိုသည်။

“ဘာသာရေးအရ နေ့ကြီးရက်ကြီးမှာ ဘုရားမှာ မည်သူမဆို ၀တ်ပြုဆုတောင်းလို့ရပါတယ်။ ပိုစတာတွေ။ ဟောပြောတာတွေ ပါလာခဲ့ရင်တော့ ဥပဒေအရ ဖမ်းဆီးရမှာဖြစ်ပါတယ် ဟု မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ မဇ္ဈိမကို ပြောသည်။

ဆုတောင်းသည့်အဖွဲ့သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် သစ္စာပြု တိုင်တည်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် ချင်းတွင်းမြစ်အား ကူတို့စက်လှေကြီးများဖြင့် ကူးဖြတ်၍ လက်ပံတောင်းဒေသသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် သပိတ်စခန်းများဖွင့်ကာ ဆန္ဒထုတ်ဖော်သူများအား ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက် ၃နာရီခန့်တွင် အာဏာပိုင်များက မီးလောင်ဗုံးသုံးကာ အကြမ်းဖက်ဖြိုးခွင်းခဲ့ပြီး သံဃာများနှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းသို့ ဖြိုခွင်းပြီးနောက်ပိုင်းတွင် လက်ပံတောင်းဒေသတွင် ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmesehttps://www.facebook.com/excellencemedia

Post a Comment

 
Top