0

[ မောင်ပိုင် ၊ နေပြည်တော် ]

လာ မည့် (၂၇)ကြိမ်မြောက်ဆီးဂိမ်း ဖွင့်ပွဲတွင် ပင်မမီးရှူးတိုင် မီး ထွန်းညှိမည့်အစီအစဉ်တွင် မြား ပစ်မီးထွန်းညှိခြင်း အစီအစဉ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက် က နိုဝင်ဘာ၁၄ရက် ပြည်သူ့လွှတ် တော် အဋ္ဌမပုံမှန် အစည်းအဝေး ၂၂ရက်မြောက် အစီအစဉ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးအောင်ဆန်း၏ ဆီးဂိမ်းပြိုင် ပွဲဆိုင်ရာမေးမြန်းချက်အား ပြန် လည်ဖြေဆိုမှုတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူခြင်းအတွက် ရွှေတံဆိပ် ဆုရရှိခဲ့သော အားကစားသ မားများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ ခြံရံလိုက်ပါမည့်သူ များအတွက် ကျောင်းသား၊ ကျောင်းသူများပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း ပင်မမီးရှူးတိုင် မီးထွန်းညှိမည့်အစီအစဉ်တွင် နောက်ဆုံးသယ်ယူလာသော အား ကစားသမားမှ မြားပစ်မီးထွန်း ညှိမည့်သူသို့ မီးကူးပေးပြီး မီးရှူး တိုင်ကို မြားဖြင့်မှန်အောင်ပစ်၍ ထွန်းညှိမည်ဖြစ်ကြောင်း နောက် ဆုံးမြားပစ်သူသည် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ အမြင့်မ ကြောက်တတ်သူ၊ မြားပစ်ကျွမ်း ကျင်သူက ရှေးမြန်မာမြားပစ်သူ ရဲကောင်းတို့၏ အားမာန်ဖြင့် ပစ်ခတ်မည်ဖြစ်ပြီး ပင်မမီးရှူးတိုင် မှာ အမိုးပေါ်တွင် ထားရှိသဖြင့် မြင့်လွန်းသောကြောင့် မြားပစ်သူ ကို ပန်းရထားတွင် စက်သီးဖြင့် ချိတ်ဆွဲမတင်ပြီး ပစ်ခတ်စေရန် စီစဉ်ထားကြောင်း သိရသည်။

မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ယူခြင်းနှင့် ပင်ပမီးရှူးတိုင် သို့ မီးကူးခြင်းအစီအစဉ်အား အ ပိုင်းလေးပိုင်းခွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၂၀၁၃ ဒီဇင် ဘာ ၁ဝရက် ရန်ကုန်သုဝဏ္ဏအား ကစားကွင်းတွင် ညနေ ၄နာရီခွဲ မှစတင်ပြီး အာဆီယံအလံများ လွှင့်တင်ခြင်း၊ ၅နာရီခွဲတွင် လက်ကိုင်မီးညှိတိုင်ထွန်းညှိခြင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၁ရက် နေပြည်တော် တွင် မီးညှိတိုင်လက်ဆင့်ကမ်းသယ် ယူခြင်းကို နေပြည်တော်မြို့တော် ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင် ပင်မမီးရှူးတိုင်သို့ လက် ဆင့်ကမ်းသယ်ယူမည်ဖြစ်သည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top