0


နိုဝင်ဘာ ၁၇။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် နိုဝင်ဘာလ ၁၅ ရက်က လင်းနို့လူသားလေး၏ နေ့ဟု ထူးထူးခြားခြား သတ်မှတ် ကာ လူဆိုးကြီး ရစ်လာမှ ပြန်ပေးဆွဲသွားသည့် မိန်းမပျိုလေးကို ၅နှစ်သား
သွေးကင်ဆာဝေဒနာသည်လေးက ပြန်လည် ကယ်တင်သည့်ပွဲကို ကျင်းပခဲ့သည်။

အသက် ငါးနှစ်ရှိ စကော့မိုင်းစ်သည် သွေးအတွင်း သွေးဖြူဥများ လွန်ကဲနေခြင်း လူကီးမီးယားရောဂါ ခံစားနေခဲ့ရသူဖြစ်ပြီး သူ့တွင် လင်းနို့လူသားဖြစ်ချင်စိတ်လည်း ပြင်းပြခဲ့သည်။ ထိုနေ့က ဆန်ဖရန်စစ္စကိုသား စေတနာ့ဝန်ထမ်းများ၊ ရဲအရာ ရှိများက သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့် အနေဖြင့် လင်းနို့လူသားလေး၏ ရာဇ၀တ်မှု နှိမ်နှင်းသည့်ပွဲကို ပြုလုပ် ပေးခဲ့ခြင်းဖြစ်သည်။

Make – A - Whish ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပြုလုပ်ခဲ့သော စူပါဟီးရီုးပေါက်စလေး၏ လူဆိုး ဖမ်းပွဲကို စေတနာ့ဝန်ထမ်းများက ကျရာဇာတ်ရုပ်မှ နေ၍ ပါဝင် အသုံးတော်ခံခဲ့ကြသည်။

ထိုနေ့က လင်းနို့လူသား ၀တ်စုံနှင့် စကော့မိုင်းစ်လေးက လူဆိုးဖမ်းပွဲ ကျင်းပနေချိန်တွင် ၀ိုင်းဝန်ကြည့်ရှုနေကြသော ဆန်ဖရန်စစ္စကိုသားများနှင့် လူအုပ်ကြီးက “လင်းနို့လူသားလေး၊ လင်းနို့လူသားလေး” ဟု သံပြိုင်ဟစ်ကြွေးကာ အားပေး ခဲ့ကြရာ စတော့မိုင်းစ် တစ်ယောက် ပျော်တပြုံးပြုံးနှင့် ရှိနေခဲ့သည်။

လင်းနို့လူသားလေး၏ လူဆိုးဖမ်းပွဲကို ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသပေးခဲ့သလို၊ ရဲသားတစ်ဦး၏ အနီးကပ်
စောင့်ရှောက်မှုဖြင့် ပြုလုပ်သည့် စူပါဟီးရီး ပေါက်စလေး၏ပွဲကို ခရိုနီကယ်သတင်းစာကလည်း “လင်းနို့လူသားလေးက မြို့တော်ကို ကယ်တင်ပြီ” ဟု သတင်းခေါင်းပေးကာ အထူးထုတ် အချပ်ပိုများရိုက်နှိက်ခြင်းဖြင့် အားပေးခဲ့ကြသည်။

ယင်းဖြစ်ရပ်သည် လူအများစုကို ရင်ခုန်လှိုက်မောစေသော ဖြစ်ရပ် တစ်ခု ဖြစ်သွားခဲ့သည်။ ယင်းလူဆိုးဖမ်းပွဲကို သမ္မတအိုဘားမားက “ ဂေါ့သန်(ဇာတ်ကောင်)နည်းအတိုင်း ကယ်တင်ကြ၊ မိုင်းစ်(လင်းနို့လူသားလေး)ရဲ့ လမ်းအတိုင်း လိုက်ကြ” ဟုဖော်ပြထားသော သတင်းစကားတို လှမ်းပို့ခြင်းဖြင့် အားပေးခဲ့သလို၊ ဆန်ဖရန်စစ္စကို မြို့တော်ဝန် အက်ဒ်လီကလည်း “ လင်းနို့လူသားလေး၏ နေ့ရက် ထာဝရဆက်လက်” ဟု ဆန္ဒပြုပေးခဲ့သည်။

Make-A-Wish ဖောင်ဒေးရှင်းသည် အမေရိကန်တွင် ရော်ဘင်ဖြစ်လိုသော၊ လင်းနို့လူသားဖြစ်လို့သော ကလေး တစ်ဦးချင်းစီ၏ ဆန္ဒများကို ဦးဆောင် ဖြည့်ဆည်းပေးနေသည့် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စကော့မိုင်းစ်သည် ၁၈လသားအရွယ်တွင် လူကီးမီးယား လက္ခဏာများ စတင်တွေ့ရှိကာ ဆေးကုသမှု ခံယူခဲ့ရသည်။

ကုထုံးများ အောင်မှုရှိသဖြင့် ယခုနှစ်ဇွန်လမှ စကင်ကာ ကုသမှုကို ရပ်ဆိုင်းနိုင်ပြီး သူ၏ အခြေအနေ အပြောင်းအလဲ ရှိမရှိကို စောင့်ကြည့် စစ်ဆေးပေးလျက် ရှိသည်။

Ref: Chronicle

အေးချမ်းမွန် Credit To >The Myanma Age https://www.facebook.com/excellencemedia

Post a Comment

 
Top