0

နေပြည်တော်၊ နိုဝင်ဘာ ၁၁

နိုင်ငံတော်၏ ဘဏ္ဍာတွင်ရှိသည့် ရွှေနှင့် နိုင်ငံခြားငွေ လက်ကျန် စာရင်းများကို ဗဟိုဘဏ် ဥက္ကဋ္ဌက နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ လာရောက် တင်ပြမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းက ပြောကြားသည်။

နိုင်ငံတော်၏ ဘဏ္ဍာတွင်ရှိသော ရွှေစာရင်း လက်ကျန် (Gold Account) နှင့် နိုင်ငံခြားသုံးငွေ လက်ကျန်စာရင်း (Foreign Currency Account) များ အခြေအနေကို နိုင်ငံသားများ သိရှိနိုင်ရန် တင်ပြစေလိုကြောင်း နိုဝင်ဘာ ၈ ရက်နေ့တွင် ဒေါက်တာဗညားအောင်မိုး (မွန်ပြည်နယ် မဲဆန္ဒနယ်) က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သောကြောင့် နာယက သူရဦးရွှေမန်းက လာရောက် ရှင်းလင်းရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်တွင် ထားရှိငွေနှင့် ရွှေများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန် ကြေညာခြင်းသည် ဒီမိုကရေစီ စနစ်နှင့်အညီ ပွင့်လင်းမြင်သာမှု ရှိပြီး ပြည်သူ ယုံကြည်သော အစိုးရဖြစ်မည် ဖြစ်ကြောင်း၊ အဆိုပါငွေနှင့် ရွှေများကို သုံးစွဲမည် ဆိုပါကလည်း အများပြည်သူ သိရှိရမည် ဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင် မဲဆန္ဒနယ်မှ ဦးအေးမောက်က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့သော လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်မီတာခ နှုန်းများ တိုးမြှင့် သတ်မှတ်ခြင်းအပေါ် ပြန်လည် သုံးသပ်ရန် အဆိုနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လာရောက် ရှင်းလင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
\
အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top