Post 10 November 2013
By ဇော်မျိုးဦး(မြစ်မခ)
လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်ခန့်က နစ်မြုပ်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို မွန်လူမျိုး တို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်သတ်မှတ်ပေးစေလိုသည်ဟု မွန်အမျိုးသားတို့က ဆိုသည်။
မွန်ဘုရင်ဓမ္မစေတီမင်းနှင့်မွန်တိုင်းသူပြည်သားတို့၏ချွေးနည်းစာဖြင့်ရွှေတိဂုံဘုရားသို့ သွန်းလုပ်လှူဒါန်းခဲ့သည့် ခေါင်းလောင်းတော်ကြီးဖြစ်သောကြောင့် မွန်လူမျိုးတို့၏အမှတ်အသားတစ်ခုအဖြစ် အသိအမှတ်ပြုစေလိုကြောင်း MJN တွင်နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် မွန်အမျိုးသားတို့ကပြောဆိုခဲ့ခြင်းဖြစ်သည်။
“အင်တာနက်တွေ ဂျာနယ်တွေ စာတမ်းတွေမှာ မွန်အမျိုးသားတွေရဲ့ ပစ္စည်းလို့မဖော်ပြကြဘူး။ ကွဲကွဲပြားပြား မရေးကြဘူး။
အမျိုးသားရေးအစွန်းရောက်ပြီးတိုက်ပွဲဝင်တာ မဟုတ်ပါဘူး။ အသိ အမှတ်ပြုခိုင်းနေတာပါ။ ဒါက မွန်တို့ရဲ့အမွေအနှစ်ဆိုတာ သိစေချင်ပါတယ်။”ဟု မွန်အမျိုးသားဦးနိုင်ရဲဇော်က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ၁၄ ရာစုတွင် မွန်ဘုရင်ဓမ္မစေတီမင်းက ပြည်သူပြည်သားတို့ လှူဒါန်းသည့်ကြေးများဖြင့် သွန်းလုပ်ခဲ့ကာေ
ရွှတိဂုံဘုရားတွင်လှူဒါန်းထားသော်လည်း ၁၆ ရာစုတွင်ပေါ်တူဂီလူမျိုး ဒီဗရစ်တို(ခ)ငဇင်ကာ က ရွှေတိဂုံဘုရားပေါ်မှ အဓမ္မယူငင်သွားပြီး ဖောင်ဖြင့်သယ်ယူရန်ကြိုးစားစဉ် ရန်ကုန်နှင့် သန်လျင်အကြား မြစ် ၃ ခွဆုံရာနေရာတွင် နစ်မြုပ်သွားခဲ့သည်ဟု သမိုင်းဆရာများက ရေးသားထားကြသည်။
“မွန်အကြောင်းကို မလေ့လာဘဲ ကိုယ့်အတ္တနဲ့
ကိုယ့်အမြင်နဲ့ပဲ ပြောနေကြတယ်။ ကျွန်တော်တို့ အမွေတောင်းနေတာ အိမ်သယ်ပြန်သွားမှာ မဟုတ်ဘူး။မွန်အမျိုးသားတို့အမွေလို့ အသိအမှတ် ပြပေးရင်ပြီးတာပဲ။တချို့ပညာရှင်ဆိုသူတွေက ဒီလောက်ကြီးမားတဲ့ခေါင်းလောင်းကို မွန်တွေသွန်း
လုပ်တတ်ပါ့မလားဆိုတဲ့အချက်တွေကိုပြောဆိုကြတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနိုင်ဗညားအောင် ကပြောသည်။
၁၉၈၇ ခုနှစ်မှ စ၍တစ်ဦးချင်းရှာဖွေခြင်းများ၊
အဖွဲ့လိုက်ရှာဖွေခြင်းများနှင့် နိုင်ငံခြားသားများနှင့် လည်း ပူးပေါင်းရှာဖွေခြင်းများကို ယခုအချိန်ထိ ပြုလုပ်လျက်ရှိကြပြီး
နောက်ဆုံးအခြေအနေအဖြစ် ကျိုက်ထီး ဆောင်း ဆရာတော်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကရှာဖွေဆယ်ယူခြင်းများ ပြုလုပ်မည်ဟု သိရသည်။
credit to>>myitmakhamediagroup<
အေးချမ်းမွန် Credit To >Mon News Update - ပရိုင်မည်
Post a Comment