ဓါတ်ပုံ - ခင်မောင်မြင့်
ယနေ့ညနေ ၆ နာရီအချိန်ခန့်က လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် Generation Youth မှ ကိုတင်ထွဋ်အောင်ကို ကျောက်တံတားရဲစခန်း ကျောက်တံတားရဲစခန်းက ပုဒ်မ(၁၈) ဖြင့်တရားစွဲဆိုခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းမြင့်အောင် ကို ပန်းဘဲတန်းရဲစခန်းက ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။
“လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်ချက် အလိုမရှိ” ဟု ကြွေးကြော်ကာ မြို့တော်ခန်းမရှေ့၊ အနော်ရထာလမ်းမှတစ်ဆင့် ဗိုလ်အောင်ကျော်လမ်းအထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒဖော်ထုတ်သူ တစ်ရာကျော်ခန့်ရှိမည်ခန့်မှန်းသည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။ —
အေးချမ်းမွန် Credit To >Yangon Press International
http://ayechanmon-news1.blogspot.com/
Post a Comment