0

ဒီဗွီဘီ

ထိုင်းနိုင်ငံထဲက ဗီဇာ ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းမှာဘဲ ဆက်ပြီး အလုပ် လုပ်မယ်ဆိုရင် မြန်မာပြည်ကို ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံကနေ ဗီဇာသက်တမ်းတိုးလို့ ရတော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အပြောကို ကိုးကားပြီး ထိုင်းအစိုးရအင်တာနက် စာမျက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နဲ့ ထိုင်းအလုပ်သမား ရှာဖွေရေးဦးစီးဌာနရဲ့ ညွှန်ချုပ် မစ္စတာ ပရ၀စ်ခိန့်ဖွန်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးပြီး အခုလို ပြောကြားလိုက်တာလို့ ဆိုပါတယ်။
http://burmese.dvb.no/archives/46771

အေးချမ်းမွန် Credit To > DVB TV Newshttps://www.facebook.com/excellencemedia

Post a Comment

 
Top