ရန်ကုန်၊ နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူ မျိုးဝင်းထိုက်(ခ)မဲကြီး (ဘ)ဦးဝင်းတင်၊ ဘုရားကုန်းရပ်ကွက်၊ သန်လျင်မြို့နယ်နေသူအား ၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန်တွင် သာကေတမြို့နယ်၊ ဧရာဝဏ်လမ်း၊ ကျောက်တိုင်းကားမှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ မျိုးဝင်းထိုက်(ခ)မဲကြီးအား စစ်ဆေးရာ ၎င်းသည် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ရက်မမှတ်မိနေ့ ၀၂၀၀နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ လမ်းကြားအတွင်း၌ရပ်ထားသော Dream -110 အနက်ရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး တာမွေမြို့မ
ရဲစခန်း(ပ)၄၈၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ၊ ရက်မမှတ်မိနေ့ ၀၂၀၀အချိန်ခန့်၌ပင် တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ ကျောက်မြောင်းကားမှတ်တိုင်အနီး ရပ်ထားသည့် JLM – Dream -110 အနက်ရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
ပြန်လည်သိမ်းဆည်းခဲ့ပြီး တာမွေမြို့မရဲစခန်း(ပ)၄၉၅/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ဖြင့်လည်းကောင်း၊ ၂၅.၁၀.၂၀၁၃ရက်နေ့ ၀၃၀၀အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂၅)လမ်းထိပ်အနီး ရပ်ထားသည့် ယာဉ်တစ်စီးပေါ်တွင် အိပ်ပျော်နေသည့် အမျိုးသား (၁)ဦးထံမှ ရွှေချိန် (၁၅)ပဲ၊ (၇)ရွေးရှိ ဟမ်းချိန်း (၁)ခု၊ Huawei အမျိုးအစား ဖုန်း (၂)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၇၂၃/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီး အခြားခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အေးချမ်းမွန် Credit To >Yangon Police
http://ayechanmon-news1.blogspot.com/

Post a Comment