မိဿရာသီ (ဧပြီလ ၁၃ ရက်မှ မေလ ၁၃ ရက်အတွင်း)
..............................
ပညာရေးနှင့် ပတ်သက်သော ပွဲလမ်းသဘင် တက်ရောက်ရန် ဖိတ်ကြားခံရမည်။
ပတ်ဝန်းကျင်တွင် ပညာရှင်အဖြစ် ထင်ပေါ်မည်။ ဟန်ဆောင်ကောင်းသောသူများ
မိမိပတ်ဝန်းကျင်တွင် ရှိနေမည်။ သားသမီး၊ တပည့်လက်အောက်ငယ်သားများ၏
ချစ်ခြင်းခံရမည်။ တစ်ခါတစ်ရံ ၀မ်းဗိုက်၊ အစာအိမ် ဒုက္ခပေးတတ်သည်။
အ၀တ်အထည်၊ အလှအပ၊ လူမူရေး၊ အချစ်ရေး ကိစ္စများအတွက် ငွေကြေးကုန်ကျမည်။
အလုပ်အကိုင် အဆင်ပြေသော်လည်း အထက်လူကြီး၊ ဆရာသမား၊ မိဘတို့၏
ငြိုငြင်ခြင်း ခံရတတ်သည်။ ခြေထောက်ကြွက်သားများ ဒုက္ခပေးမည်။
ဘုန်းကံနိမ့်ပါးနေမည်။ ငွေလိမ်ခံရတတ်သည်။ တစ်ယူသန်စိတ်ဓာတ်ကြောင့် ဆုံးရှုံး၊
ထိခိုက်မှုများ ကြုံရတတ်သည်။ ကျန်းမာရေး အနည်းငယ်ညံ့သည်။
ဆောင်ရွက်ရန် -ဤကာလတွင် ငွေကြေး၊ အလုပ်ကိစ္စဆောင်ရွက်တိုင်း
အနက်ရောင်ကိုရှောင်ပါ။ ကျန်းမာရေးအတွက် လှူဒါန်းပေးပါ။
ပြိဿရာသီ (မေလ ၁၄ ရက်မှ ဇွန်လ ၁၃ ရက်အတွင်း)
..............................
ရန်၊ အတိုက်အခံ၊ ယှဉ်ပြိုင်မှုများကြားမှ ပညာရေး ကိစ္စအောင်မြင်မည်။
ခရီးသွားရန်၊ အိမ်ပြောင်းရန် ကိစ္စများ အဆင်ပြေမည်။ အိမ်၊ ခြံ၊ မြေ၊ ကား
မမျှော်လင့်ဘဲ ၀င်တတ်သည်။ သားသမီး၊ တပည့်များနှင့် အဆင်မပြေ ဖြစ်နေမည်။
ဝမ်းဗိုက်၊ အစာအိမ် ဒုက္ခပေးမည်။ ဘာသာရေးကိစ္စများကို ပြင်းပြင်းထန်ထန်
ဆောင်ရွက်နေမည်။ လုပ်လက်စ လုပ်ငန်းများကို ရပ်တန့်ပစ်လိုစိတ် ဖြစ်နေမည်။
ခန္ဓာကိုယ် ပင်ပန်းပြီး၊ ဦးခေါင်း၊ ကိုက်ခဲနာကျင်နေမည်။ တစ်ခါတစ်ရံ
သတိမေ့တတ်သည်။ ငွေကြေးအခက်အခဲ၊ အကျပ်အတည်းများ ကြုံရတတ်သည်။
မျက်နှာ၊ မျက်စေ့၊ သွားနှင့် ပတ်သက်သော ဝေဒနာများ ခံစားရပြီး
ငွေကြေး ကုန်ကျမည်။ အိမ်ထောင်ဖက်၏ စောင့်ရှောက်မှုကြောင့်
အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်မည်။ ငယ်ရွယ်သူများ
အချစ်ရေးသောက အနည်းငယ်ကြုံရမည်။
ဆောင်ရွက်ရန် - အခက်အခဲ၊ အကျပ်အတည်းများအတွက် ကုဋီ၊ အိမ်သာ သန့်ရှင်းရေး ဆောင်ရွက်
ပါ။ ပညာရေးကိစ္စများ အဆင်ပြေစေရန် စာသင်သား သံဃာများကို ခေါင်းရိတ်ဓားလှူပေးပါ။
မေထုန်ရာသီ (ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ရက်အတွင်း)
..............................
ကြံစည်၊ စိတ်ကူးထားသော ကိစ္စများ လွဲချော်တတ်သည်။
ဇွဲလုံ့လဖြင့် အပင်ပန်းခံ ဆောင်ရွက်နေရသဖြင့် စိတ်ပင်ပန်း၊
လူပင်ပန်း ဖြစ်နေတတ်သည်။ အခက်အခဲ၊ အကျပ်အတည်းများကြားမှ
အောင်မြင်မှု ရရှိတတ်သည်။ ရောဂါဖြစ်ခဲပြီး ရောဂါဖြစ်လျှင်လည်း
ကျွမ်းကျင်သူ ပါရဂူ ပညာရှင်များနှင့် ကုသပျောက်ကင်းမည်။
လူမူရေး၊ အချစ်ရေးကိစ္စများကို ဦးစားပေးဆောင်ရွက်နေရမည်။
အလုပ်အကိုင်အနည်းငယ် အဆင်မပြေ ဖြစ်နေတတ်သည်။
ညီအစ်ကို မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်တို့နှင့် ရန်၊ အတိုက်အခံ၊ ကြုံရတတ်သည်။
အဆက်အသွယ်ကောင်းများနှင့် တွေ့ရပြီး မမျှော်လင့်ဘဲ ငွေဝင်တတ်သည်။
ပညာရေးတွင် သောက အနည်းငယ် ကြုံရတတ်ပြီးမှ အောင်မြင်မည်။
ဆောင်ရွက်ရန် - ပညာရေးကိစ္စများ အဆင်ပြေစေရန် သင်္ကန်း၊
ခြေသုတ်ဖုံ၊ အမှိုက်ပုံးများလှူပါ။
ကရကဋ်ရာသီ (ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၁၅ရက်အတွင်း)
..............................
စီးပွားရေးနှင့်ပတ်သက်သော ခရီးများသွားရမည်။ မာနကြီးတတ်သဖြင့်
တစ်ခါတစ်ရံ ဆွေမျိုး၊ မိတ်ဆွေများနှင့် အဆင်မပြေ ဖြစ်တတ်သည်။
ငယ်ရွယ်သူများ စန်းပွင့်နေမည်။ နှလုံး၊ အသည်း ဒုက္ခပေးတတ်သည်။
အိမ်၊ ခြံ၊ မြေ၊ ကားနှင့် ပတ်သက်ပြီး မမျှော်လင့်ဘဲ ငွေကြေးကုန်ကျတတ်သည်။
ငွေမမြဲသော ကာလဖြစ်သည်။ ဘုန်းကံနိမ့်ပါးနေသဖြင့် ခိုက်ရန် ဖြစ်တတ်သည်။
နိုင်ငံရပ်ခြားကိစ္စ ဆောင်ရွက်နေသူများ အခက်အခဲ၊ အကြပ်အတည်းနှင့်
ရင်ဆိုင်ရတတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး အဆက်အသွယ်ကောင်းများ
ရရှိမည်။ မိမိ၏ စီမံခန့်ခွဲရေး ကောင်းမွန်သဖြင့် လုပ်ဖော်ကိုင်ဖက်များ၊
ညီအစ်ကို မောင်နှမများအပေါ် သြဇာညောင်းမည်။
ဆောင်ရွက်ရန် - အဆက်အသွယ်ကောင်းများရရှိပြီး လုပ်ငန်းများအဆင်ပြေစေရန်
တယ်လီဖုန်း ငွေဖြည့်ကဒ်များ လှူပေးပါ။
သိဟ်ရာသီ (သြဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၅ ရက်အတွင်း)
..............................
ရည်စူးကြံရွယ်ထားသော ကိစ္စများ၊ ပြန့်ကျဲသွားမည်။ တစ်ခါတစ်ရံ
စိတ်ပျံ့လွင့်နေတတ်သည်။ ကျန်းမာရေးညံ့ပြီး အာရုံကြော ဒုက္ခပေးမည်။
မိသားစုအတွက် ရည်ရွယ်ထားသော ကိစ္စများ အနည်းငယ် အဆင်ပြေမည်။
စီးပွားရေးအတွက် လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နေမည်။ ငယ်ရွယ်သူများ
အပျော်မက်သော အပေါင်းအသင်းများနှင့် ဆက်သွယ်မိတတ်သည်။
ခါးနာ၊ ခါးကိုက် ဖြစ်တတ်သည်။ ပညာရေးနှင့် ပတ်သက်၍
အဆက်အသွယ်ကောင်းများ ရရှိပြီး၊ အလုပ်အကိုင် အဆင်ပြေမည်။
သားသမီး၊ တပည့်လက်အောက်ငယ်သားများ၏ အခက်အခဲ ၊
အကျပ်အတည်းကို ဖြေရှင်းပေးရသဖြင့် ငွေကြေးကုန်ကျမည်။
အမွေကိစ္စနှင့် ပတ်သက်၍ မိသားစုအတွင်း စကားပြောဆိုရမည်။
ဆောင်ရွက်ရန် - ငွေကြေးလာဘ်လာဘ တိုးပွားစေရန်နှင့် ပညာရေးကိစ္စ
အောင်မြင်စေရန် စာသင်သား၊ သံဃာများကို ငွေကြေး န၀ကမ္မငွေ လှူဒါန်းပေးပါ။
ကန်ရာသီ (စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၁၆ ရက်အတွင်း)
..............................
အတွေးအခေါ် အကြံအစည်များ ရှိနေမည်။ နိုင်ငံရပ်ခြား၊ လူမျိုးကွဲ၊ လူမျိုးခြား၊
စုပေါင်းလုပ်ငန်းများ အကျိုးပေးမည်။ အိမ်၊ ခြံ၊ မြေ၊ ကားကိစ္စများ အောင်မြင်မည်။
တစ်ခါတစ်ရံ “ပညာရှိ သတိဖြစ်ခဲ”ဆိုသလို ဖြစ်တတ်သည်။
စကားပြော မှားတတ်သည်။ မိသားစုအတွက် သောက၊ ပြဿနာ ကြုံရမည်။
မိသားစုအတွင်း အမွေကိစ္စအတွက် စကားပြောဆိုရမည်။ ခန္ဓာကိုယ်
ကိုက်ခဲနာကျင်နေမည်။ အာရုံကြော ဒုက္ခပေးမည်။ မိသားစုကို
ထောက်ပံ့ကူညီပေးရမည်။ ငယ်ရွယ်သူများ ခရီးသွားရင်း
ချစ်သူ တွေ့ရတတ်သည်။ မည်သည့ိကိစ္စမဆို အပင်ပန်းခံ ဆောင်ရွက်ရမည်။
အခက်အခဲ၊ အကျပ်အတည်းများ ရှိနေသော်လည်း ဇွဲ၊ လုံ့လ ၊ ၀ိရိယဖြင့်
ကြိုးစားဆောင်ရွက်ပါက အောင်မြင်မည်။
ဆောင်ရွက်ရန် - သောက၊ ပြဿနာများ လျော့ပါးစေရန် အမှိုက်ပုံး၊
တံမြက်စည်း၊ အပူငြိမ်းဆေးများ လှူဒါန်းပါ။
တူရာသီ (အောက်တိုဘာလ ၁၇ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အတွင်း)
..............................
ဤကာလအတွင်း ကျန်းမာရေး အနည်းငယ် ညံ့နေမည်။ ခေါင်းကိုက်ခြင်း၊
အကြောတက်ခြင်းများ ဖြစ်မည်။ မိသားစုဝင် တိုးပွားမည်။ မိသားစုတွင်းမှ
လူပျို၊ အပျိုများ အိမ်ထောင်ဖက်တွေ့မည်။ အိမ်ထောင်သည်များ
သားသမီးရမည်။ ဆရာသမား၊ မိဘတို့အပေါ် မကျေနပ်မူများရှိနေမည်။
ရန်လိုနေမည်။ နိုင်ငံရပ်ခြားတွင် ပညာသင်ရန် ရည်ရွယ်ထားသူများ
အဆင်ပြေအောင်မြင်မည်။ သို့သော် မိမိအတွက် ပင်ပန်းသလောက်
အကျိုးမရှိ ဖြစ်မည်။ လုပ်ငန်းတွင် အစီမံအုပ်ချုပ်သူ တစ်ဦးကဲ့သို့
တာဝန်ယူဆောင်ရွက်ရမည်။ အလုပ်ကြိုးစားနေသည့်ကြားမှ
ဆရာသမားတို့၏ ငြိုငြင်ခြင်းခံရမည်။ ကျန်းမာရေးနှင့် ပတ်သက်၍
အပူကြီး၊ အဖျားကြီး၊ အသည်းနှင့် ပတ်သက်သော ရောဂါဖြစ်မည်။
သောကပြဿနာများ တစ်မျိုးပြီးတစ်မျိုးဖြစ်နေမည်။
ခါးနာမည်။ ရောဂါအကြီးစား မဟုတ်သော်လည်း
တစ်မျိုးပြီးတစ်မျိုးဖြစ်နေမည်။
ဆောင်ရွက်ရန် - ဆေးရုံ ဆေးခန်းများတွင် သန့်ရှင်းရေး ပြုလုပ်သည့်ပစ္စည်းများလှူပါ။
ဗြိစ္ဆာရာသီ (နိုဝင်ဘာလ ၁၆ ရက်မှ ဒီဇင်ဘာလ၁၄ရက်အတွင်း)
..............................
ဤကာလအတွင်း စိတ်မြန်လက်မြန်ဖြစ်နေမည်။ လုပ်ငန်းတွင်း
အတိုက်အခံရန်များ ရှိမည်။ စိတ်လိုက်မာန်ပါ မပြုလုပ် မိရန် သတိထားပါ။
စီးပွားရှာ၍ မကောင်း၊ လုပ်သမျှ တေ့လွဲ လွဲနေမည်။ ပညာသင်နေသူများ
ပညာရေးညံ့သည်။ မကောင်းသတင်းကြားရမည်။ ခရီးသွားခြင်းကိစ္စနှင့်
ပတ်သက်ပြီး လာရောက် ဆက်သွယ်ပါက သတိထားပါ။
လူလိမ်များနှင့်ကြုံရမည်။ မိသားစုအတွင်း လူမူ့ရေးကိစ္စများနှင့်
ပတ်သက်ပြီး သောကပြဿနာများ ဖြစ်မည်။ အိမ်ထောင်ဖက်အတွက်
သောကရောက်ရမည်။ ဆေးရုံဆေးခန်း ကိစ္စများပြုလုပ်ဆောင်ရွက်ရမည်။
ညီအစ်ကို မောင်နှမ ဆွေမျိုး၊ မိခင်၏ ကျန်းမာရေး ဂရုစိုက်ပါ။
လုပ်ငန်းတွင်း လုပ်ဖော်ကိုင်ဖက်များ၏ ပြဿနာများကို ဖြေရှင်းပေးရမည်။
ဖြေရှင်းရာတွင် စကာ အပြောအဆိုမှားတတ်သည်။ သတိထားပါ။
ဆောင်ရွက်ရန် - ကုဋီ ဆေးပါ။ သန့်ရှင်းရေးပြုလုပ်ပါ။
ဓနုရာသီ (ဒီဇင်ဘာလ ၁၄ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်အတွင်း)
..............................
ဤကာလအတွင်း ခရီးယာယီများမည်။ အိမ်တွင် မနေလို
လူမူရေးကိစ္စများသာ ပြုလုပ်နေမည်။ ခရီးသွားရင်း ချစ်သူတွေ့မည်။
ရွှေ၊ ငွေဝင်မည်။ သို့သော် ၀င်သလောက် ပြန်ထွက်မည်။ မိသားစုအတွင်း
စကားပြောရ အဆင်ပြေမည်။ နောက်ဆုံးတွင် ပြောသောစကားများသည်
အကျိုးမရှိ၊ ရန်ပွဲနှင့်သာ အဆုံးသတ်ရမည်။ ကျောင်းသားများ
ပညာရေးကောင်းမည်။ နေရာတိုင်းတွင် ဆရာလုပ်ပြီး ပြဿနာများကို
ဖြေရှင်းအောင်မြင်မည်။ ငွေဝင်မည်။ အပူဇော်ခံရမည်။ မုန့်ဖိုး ရမည်။
ပိုက်ဆံကို မည်သည့်နေရာတွင် ထားမိမှန်းမသိ အထားမှား၍
ပျောက်ဆုံးမည်။ လူမူရေးကိစ္စများ ဆောင်ရွက်ခြင်းဖြင့်
လူပင်ပန်းသလောက် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားမည်။
အချစ်သစ်များ တိုးပွားမည်။ ဆရာပေါများမည်။ ကျန်းမာရေးနှင့်
ပတ်သက်လျှင် ခေတ်မှီဆေးဝါးကိုသာ အသုံးပြုသင့်သည်။
ဆောင်ရွက်ရန်-ငွေပဒေသာပင် လှူပါ။ (ငွေလှူပါ)
မကာရရာသီ (ဇန်န၀ါရီလ ၁၅ ရက်မှ ဖေဖော်ဝါရီလ ၁၂ ရက်အတွင်း)
..............................
ဤကာလအတွင်း အတွေးအခေါ်များ လျင်မြန်နေမည်။ သို့သော်
ဆုံးဖြတ်ချက်များ မှားယွင်းမည်။ မိမိဆုံးဖြတ်ချက်ဖြင့် မည်သည့်ကိစ္စကိုမျှ
မပြုလုပ်ပါနဲ့၊ လုပ်ငန်းကိစ္စများ စီးပွားရေးကိစ္စများတွင် ဆုံးဖြတ်ချက်မှား၍
အရှုံးပေါ်မည်။ သောကပြဿနာများ တစ်ခုပြီး တစ်ခု တန်းစီနေမည်။
အတိုက်အခံရန် များမည်။ ပြဿနာကို မိမိက ရှောင်သော်လည်း
ထိပ်တိုက်တွေ့ကြုံရမည်။ အိမ်၊ ခြံ၊ မြေ၊ ကား၊ ခရီးသွားခြင်းလုပ်ငန်းများအတွက်
ငွေကုန်မည်။ အရှုံးပေါ်မည်။ ငွေကြိုပေးခြင်း၊ စရံပေးခြင်းများ မလုပ်ပါနဲ့။
မိခင်ကျန်းမာရေးအတွက် ငွေကုန်မည်။ လုပ်ငန်းတွင်းရှိ တပည့်
လက်အောက်ငယ်သားတို့၏ ရန်ပြုခြင်း ခံရမည်။ ကျောင်းသားများ
သချာင်္ဘာသာတွင် အဆင်မပြေမှုများ ဖြစ်မည်။ ဒူးနာ၊ ခါးနာ ဖြစ်မည်။
သွားနာ၊ သွားကိုက်၊ မျက်စိကိုက်မည်။ ဆရာသမား၊ ဖခင်၏
အဆုံးအဖြတ်ကို နာခံ၍ လုပ်ငန်းများ ဆောင်ရွက်ပါ။
ဆောင်ရွက်ရန်-ကျန်းမာရေး မကောင်းသူများအား ရေလှူပါ။
ကုမ်ရာသီ(ဖေဖော်ဝါရီလ ၁၃ ရက်မှ မတ်လ ၁၃ ရက်အတွင်း)
..............................
ဤကာလအတွင်း ကျန်းမာရေးအညံ့ရှိသော်လည်း စိုးရိမ်စရာမလိုပါ။
ပြဿနာများကို ဖြေရှင်းအောင်မြင်နေသော ကာလဖြစ်မည်။
မိသားစုအတွင်း ငွေဝင်မည်။ လူဝင်မည်။ အိမ်ထောင်ရှင်များ
သားသမီးတိုးမည်။ ငွေရှာရ လွယ်ကူမည်။ ငယ်ရွက်သူများ
စန်းပွင့်မည်။ လူချစ်လူခင် ပေါမည်။ လူမူရေးကိစ္စများသာ
ဆောင်ရွက်လုပ်ကိုင်ရင်း ပင်ပန်းနေမည်။ အလုပ်နှင့်လက်မပြတ်
လုပ်ကိုင်နေရမည်။ ဆရာသမား၊ ဖခင်တို့၏ နေရာထိုင်ခင်းကိစ္စအတွက်
ငွေကုန်မည်။ ပညာရေးကောင်းမွန်နေသော ကာလဖြစ်သည်။
နာမည်ဂုဏ်သတင်း တက်စရာများကြုံမည်။ လူမျိုးခြား အကျိုးပေးမည်။
ဘာသာရေးအသင်းအဖွဲ့ကိစ္စများ ဆောင်ရွက်ဖြစ်နေမည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ရေးသာယာမည်။
အလှူမင်္ဂလာကိစ္စများကြုံမည်။ ဆေးရုံဆေးခန်းကိစ္စများ
ဆောင်ရွက်ရမည်။ နာရေးသတင်း ကြားရမည်။ ၎င်းင်းကိစ္စအတွက်
ငွေလှူလိုက်ပါ။
ဆောင်ရွက်ရန် - ၀မ်းနှုတ်ဆေးလှူပါ။
မိန်ရာသီ (မတ်လ ၁၄ ရက်မှ ဧပြီလ ၁၂ ရက်အတွင်း)
..............................
ဤကာလအတွင်း လျင်မြန်သွက်လက်နေမည်။ ခရီးယာယီများမည်။
အချိန်ပြည့် အလုပ်ကိစ္စများနှင့်သာ ပြီးနေမည်။ မည်သို့ပင်
အလုပ်ကြိုးစား စေကာမှု နာမည်ကောင်း မရ။ ဆရာသမားတို့၏
အထင်လွဲခြင်း၊ ငြိုငြင်ခြင်းခံရမည်။ မိသားစု တကွဲတပြား နေရမည်။
မိသားစုများ မျက်နှာချင်းဆိုင် လိုက်သည်နှင့် စကားများ ရန်ဖြစ်မည်။
လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် မသင့်သော ကာလဖြစ်သည်။
တစ်မျိုးပြီးတစ်မျိုး အဆင်မပြေ၍လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။
ခရီးသွားရင်း ကျန်းမာရေး ထိခိုက်မည်။ သွေးထွက်သံယိုဖြစ်မည်။
အိမ်၊ ခြံ၊ မြေ၊ ကား၊ နိုင်ငံခြား ခရီးကိစ္စများ ဆောင်ရွက်လျှင်
သတိနှင့် ဆောင်ရွက်ပါ။ ဆုံးရှုံးမှုများ ကြုံရမည်။ ခါး၊ ဆီး၊
ကျောက်ကပ် ရောဂါများ ဖြစ်မည်။ ငယ်ရွယ်သူများ အိမ်ထောင်ဖက်တွေ့ မည်။
အိမ်ထောင်ရေး ကံကောင်းနေသော အချိန်ဖြစ်သည်။ ငွေကြေး လက်မလွန်ပါစေနဲ့၊
ငွေမချေးပါနှင့် ငွေကြေးဆုံးရှုံးမည်။ ပြဿနာဖြစ်မည်။
ဆောင်ရွက်ရန် - ခြေသုတ်ဖုံလှူပါ။ ဓားလှူပါ။
..............................
နက္ခတ်ပါရဂူ (နက္ခတ်ဗေဒင်ပညာပြန့်ပွားရေးပညာရ
..............................
အေးချမ်းမွန် Credit To >FOOD Magazine
Post a Comment