ရန်ကုန်၊ နိုဝင်ဘာ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဦးပါရဲဘုရား
စေတီရှိ ဘုရားဈေးဆိုင်တန်းတွင် ဆိုင်ခန်းဖွင့်လှစ်ထားသူမှ
ဆိုင်ရှိ အရွယ်မရောက်သေးသော ကလေးအား ပစ္စည်းများ ခိုးယူခိုင်းသောကြောင့် ဆိုင်ပိတ်သိမ်းသည့် အထိအရေးယူ
ခဲ့ကြောင်း ဦးပါရဲဘုရားစေတီမှဂေါပက အတွင်းရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
ဈေးဆိုင်အချင်းချင်းစကားများရာ
အတွင်းရှိ ပစ္စည်းများကို ခိုးယူခိုင်းခဲ့ခြင်းဖြစ်ကြောင်
ပြောကြားသည်။
“ဈေးဆိုင်တစ်ဆိုင်မှာ အရင်းမရှိတော့ရင် ဘယ်လိုလုပ်
ရှေ့ ဆက်ရောင်းမလဲ။ သူ့ဆိုင်ရောင်းရဖို့ကို ဘေးဆိုင်က
ပစ္စည်းတွေကို ကလေးကို ခိုးခိုင်းတာပါ”ဟု ဦးသန်းထွန်းက
ပြောကြားသည်။
အခိုးခံရသော ဆိုင်ရှင် ဦးငွေစိုးအား ပစ္စည်းခိုးခိုင်းသော
ဆိုင်ရှင်ဒေါ်ဝင်းမှ အမှုမဖွင့်ရန်အတွက် လျော်ကြေးငွေနှင့်
အခိုးခံရသော ပစ္စည်းများကို နိုဝင်ဘာ ၂၆ ရက် ည ၁၀
နာရီတွင် လက်ခံခဲ့ကြောင်း၊ ယင်းသို့ လက်ခံခဲ့သော်လည်း ဘုရားဂေါပကအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ
အရ ပစ္စည်းခိုးယူခိုင်းသော ဆိုင်ရှင်ဒေါ်ဝင်းအား ယခုလနိုဝင်
ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား ကာ ဆိုင်ရှိပစ္စည်းများကို
သိမ်းရန်နှင့် ၎င်းဆိုင်အား ပိတ်သိမ်းရန် ဘုရားဂေါပကအဖွဲ့မှ ဆုံးဖြတ်ချက်ချခဲ့သည်။
“ဒေါ်ဝင်းက ဘာရည်ရွယ်ချက်နဲ့ ခိုးခိုင်းတာလဲဆိုတော့ သူနဲ့ ပြိုင်ပြီး ဈေးရောင်းမှာစိုးလို့လေ၊ ဦးငွေစိုးတို့က ဈေးရောင်းနိုင်ဖို့
မနည်း ရင်းထားရတာ၊ ဒီလိုခိုးယူလိုက်တော့ ရုတ်တရက် ဆိုင်ကို ပြန်မတည်နိုင်တော့ဘူးပေါ့၊ အခက်အခဲဖြစ်အောင်
လုပ်တာပေါ့၊ ဘာရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် ဒီလိုအရွယ် မရောက်သေးတဲ့သူကို ခိုးခိုင်းတာကတော့ သိပ်အောက်တန်း ကျတဲ့လုပ်ရပ်ပဲ၊ ဒီက လေးတွေ ကြီးလာရင်ကော သူခိုးလေး
ကနေ သူခိုးကြီးဖြစ်လာဖို့ပဲ ရှိတာပေါ့ ” ဟု ဒေသခံတစ်ဦးက
ပြောကြားသည်။
အခိုးခံရသောပစ္စည်းများမှာဆိုင်တ
ပါကင်များ၊ ကြက်ဥများနှင့် အအေးကဒ်များ ဖြစ်ကြောင်း
သိရသည်။
ဆိုင်ရှင်အချင်းချင်းဘယ်လိုပဲ ပြေလည်ခဲ့ပါစေ အရွယ်
မရောက်သေးသော ကလေးငယ်အားခိုးယူရန် ခိုင်းစေမှုသည်
လုံးဝ မဖြစ်သင့်ကြောင်း၊ လာရောက်အမှုဖွင့်ခဲ့ပါက ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဟင်္သာတမြို့ နယ်
ရဲစခန်းမှ မြို့နယ် မှူး ဦးအောင်ကိုကိုက ပြောကြားသည်။
ရေးသားသူ- စည်သူဖြိုး
တည်းဖြတ်သူ - အေးငြိမ်းသူ
အေးချမ်းမွန် Credit To >People power < Thankhttps://www.facebook.com/
Post a Comment