0

Wednesday, November 6, 2013

တပ်မတော်အစိုးရလက်ထက် ပထမဆုံးရရှိပိုင်ဆိုင်ခဲ့သော ဆင် ဖြူတော် မုန်ယိုပြီး ဆင်ထိန်းကို အသက်သေစေမှုဖြစ်စဉ်ကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးမတည် မငြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံနက္ခတ်သိပ္ပံ
အဖွဲ့ နိုင်ငံ တကာရေးရာနက္ခတ်သိပ္ပံသင်တန်း ကျောင်းမှ အမှုဆောင်
အရာရှိ ချုပ် ဦးဇေယျာကိုက ပြောကြားခဲ့သည်။

အဆိုပါဆင်ဖြူတော်မုန်ယိုမှု ဖြစ်စဉ်ကြောင့်နိုင်ငံတော်အုပ်ချုပ်သူများ၊
ပြည်သူများကံအညံ့များ ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဉ် ကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ၊ ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် လူထုလှုပ်
ရှားမှုများ၊ ပဋိပက္ခများ၊ နိုင်ငံရေး မငြိမ်သက် မှုများဖြစ်နိုင်ကြောင်း ၎င်းမှ ဆက် လက်ပြောကြားခဲ့သည်။

““ဆင်ဖြူတော်တွေကို အရှေ့ တောင်အာရှနိုင်ငံတွေမှာ တိုင်း ပြည်ရဲ့ ရတနာတစ်ပါးအဖြစ်တင် စားကြတယ်။ ဆင်ဖြူတော်တွေ ဟာ တိုင်းပြည်ရဲ့ ကောင်းတဲ့ မင်္ဂလာနိမိတ်ကို ဖော်ဆောင်တဲ့ ရတနာဖြစ်တယ်။ ဒါကြောင့် ဆင် ဖြူတော်မုန်ယိုတာဟာ မကောင်းတဲ့ အမင်္ဂလာနိမိတ်
တစ်ခုပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့နက္ခတ် သိပ္ပံအဖွဲ့ရဲ့ သုံးသပ်ချက်
ကတော့ လက်ရှိရောက်ရှိနေတဲ့အချိန်ဟာ တိုင်းပြည်မှာ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းတဲ့ကာလဖြစ်တယ်။ တိုင်းပြည်အုပ်ချုပ်သူတွေ နေထိုင် တဲ့ ပြည်သူတွေ ကံညံ့နေတယ်””ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက်၊နံနက် ပိုင်းတွင် မင်းဓမ္မဆင်ဖြူတော်ဝင်း ရှိ ရာဇဂဟ
သီရိပစ္စယဂဇရာဇာ အမည်ရှိ စွယ်စုံဆင်ဖြူတော် မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဆင် ဦးစီး ဦးသိန်းစိန်ကို အစွယ်ဖြင့် ထိုးသဖြင့် ဆင်ဦးစီးသေဆုံးခဲ့ရ ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Hot News Journalhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top