နေပြည်တော် နိုဝင်ဘာ ၁ဝ
တိုင်းရင်းသား ပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး ကဏ္ဍ မြှင့်တင်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာများ ဟောပြောခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာနိုဝင်ဘာ ၉ ရက်တွင် ကယားပြည်နယ် အတွင်း ရောက်ရှိနေသော အခြေပြု ကုသရေး အဖွဲ့(၁)သည် လွိုင်ကော်မြို့၌ အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၅၂ ဦး၊ အကြီးစား ခွဲစိတ်လူနာ တစ်ဦး၊ အရေးပေါ် ခွဲစိတ်လူနာ တစ်ဦး၊ သာမန် ခွဲစိတ်လူနာ ကိုးဦး၊ ပေါင်း ၁၁ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၂)သည် ရွာသစ်မြို့ နယ်ခွဲ၌ အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၈၈ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁)သည် ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)သည် ဒီမော့ဆို မြို့နယ်၊ လိုဘာခို ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံ ပြည်သူ ၈၈ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)သည် သေးဆူလဲ ကျေးရွာ၌ ၎င်းကျေးရွာ နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂ဝ၈ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် လွိုင်လင် လေးကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၅ ဦး၊ နယ်လှည့် ဆေးကု သရေး အဖွဲ့(၅)သည် လိုခါးလိုကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၂၇ ဦး၊ စုစုပေါင်း ၁၂၂၁ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များမှ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၂၇ ဦးတို့ အားနယ်မြေခံ တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေသည်။
နယ်လှည့် ဆေးကုသရေး အဖွဲ့(၅)မှ ဖာဆောင်းမြို့နယ် လိုခါးလိုကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် အတူ ကယားပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက သွားရောက် ကြည့်ရှု၍ အားပေးစကား ပြောကြားကြသည်။
အလားတူ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အခြေပြု ကုသရေး အဖွဲ့(၁)သည် သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၈ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၂)သည် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာ တွင်အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၅၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၁)သည် ဖာပွန်မြို့နယ် ကတိုင်တိကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၁ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)သည် ကမမောင်းကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၅၆ ဦး၊ စုစုပေါင်း ၂၉၇ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ပေးပြီး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များမှ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ခြောက်ဦးကို နယ်မြေခံ တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါး ကုသမှု ခံယူစေသည်။
ထို့အတူ ရခိုင်ပြည်နယ် အတွင်း ရောက်ရှိနေသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များအနေဖြင့် ယနေ့တွင် အခြေပြု ကုသရေး အဖွဲ့(၁)သည် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄ဝ၆ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၂)သည် အမ်းမြို့နယ် ဂဲလောင်းကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၂ ဦး၊ အခြေပြု ကုသရေး အဖွဲ့(၃)သည် သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၄၅ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)သည် မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၁၇ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂) သည်ရသေ့တောင်မြို့နယ် ကပ်ချောင်းကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)သည် ကျောက်တော်မြို့နယ် ကန်ဇောက် ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂ဝ၁ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄) သည်မြေပုံမြို့နယ် ကန်သာကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၄ဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၅)သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅၄ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၆)သည် မင်းပြားမြို့ နယ်ပြားချောင်း ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၉ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၇)သည် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံပြည်သူ ၁ဝ၉ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၈)သည် ကျောက်ဖြူမြို့နယ်၊ ဂုံးချိန် ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၅၆ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၉)သည် ရမ်းဗြဲမြို့နယ် အနောက်ရွာ ကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၈ဝ ဦးနှင့် နယ်လှည့် ဆေးကုသရေး အဖွဲ့(၁ဝ)သည် ဂွမြို့နယ် ဆတ်သွားကျေးရွာ၌ ၎င်းကျေးရွာ နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅ဝ ဦး၊ စုစုပေါင်း ၂၅ဝ၁ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေး အသိပညာ ဟောပြောခြင်းများ နှင့်လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးပြီး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များမှ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၃၇ ဦးကို နယ်မြေခံ တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစေသည်။
အခြေပြု ကုသရေး အဖွဲ့(၃)မှ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာ၌ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေ များကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်က လည်းကောင်း၊ အခြေပြု ကုသရေး အဖွဲ့(၁)မှ ကွန်းတောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးချုပ် သန်းထွန်းဦးက လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကြပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ဆေးဝါး ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ
Post a Comment