တရားဥပဒေ စိုးမိုးရေးဆိုတာ
တရားဥပဒေ စိုးမိုးရေးတွင် ‘တရား ဥပဒေ၏ အထက်တွင် မည်သူမျှ မရှိစေရ’ ဆိုသည့် အချက်သည် အရေး အကြီးဆုံးနှင့် အဓိက အကျဆုံး အချက် ဖြစ်သည်။ ဥပဒေ တစ်ခုကို ပြုလုပ် ပြဋ္ဌာန်းပြီးဖြစ်ပါက အဆိုပါ ဥပဒေကို ဥပဒေ ပြုလုပ်သူ အပါအဝင် နိုင်ငံသား အားလုံးက လေးစား လိုက်နာကြရ မည်ဖြစ်သည်။ အဆိုပါ ဥပဒေကို ချိုးဖောက် ပါက ဥပဒေကို ပြုသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ် ကျင့်သုံးသော အစိုးရပင် ဖြစ်စေ ကာမူ ဥပဒေအရ သတ်မှတ် ထားသည့် ပြစ်ဒဏ်ကို ကျခံရ မည်ဖြစ် သည်။ ဤသည်မှာ တရား ဥပဒေ စိုးမိုးရေး၏ အဓိကနှင့် အခြေ ခံ အကျဆုံးသော မူတစ်ရပ်လည်း ဖြစ်သည်။
ရည်ရွယ်ချက်
တရားဥပဒေ စိုးမိုးရေး၏ ရည်ရွယ် ချက်မှာ နိုင်ငံသား (လူသား)တိုင်း တရား ဥပဒေ ရှေ့မှောက်တွင် တန်းတူ ရည်တူ အခွင့်အရေး ရှိကြသည် ဟူသော လူသား ချင်း တန်းတူ ညီမျှရေးနှင့် နိုင်ငံသားတိုင်း တရားဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကို ရရှိ ခံစားပိုင်ခွင့် ရှိသည်ဟူသော အချက်များ ပင် ဖြစ်သည်။ တရား ဥပဒေရှေ့မှောက် တွင် လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် အသားအရောင် ခွဲခြားမှု တို့ကြောင့် ခွဲခြား ဆက်ဆံမှု မရှိဘဲ လူမျိုးတိုင်း အားလုံးတန်းတူ ကြသည် ဟူသော ‘လူသားချင်း တန်းတူ ညီမျှ မှုနှင့် လူမျိုးရေး တန်းတူညီ မျှမှု’ တို့ကိုလည်း ရည်ညွှန်းထားသည်။
အရေးကြီးအချက် ၆ ချက်
ပြည်သူလူထု ဘဝ အကြောက်တရား မှ လွတ်မြောက်ပြီး လူ့အခွင့်အရေး များ မရရှိသေးသရွေ့ ဒီမိုကရေစီ စနစ်သည် မတည်ထွန်းနိုင်ပေ။ ဥပဒေ စိုးမိုး မှုရှိ မှသာ ပြည်သူ များသည် ဥပဒေ အကာအကွယ် ကို အမှန်တကယ် ရရှိပြီး လွတ်လပ်မှု အရသာကို အမှန်တကယ် ခံစား ရပေလိမ့်မည်။ သို့မှသာ ဒီမိုကရေစီ သည် တည် ထွန်းလာနိုင်ပေလိမ့် မည်။ ဥပဒေ စိုးမိုးရေး အတွက် အောက်ပါ အချက်များသည် အရေးကြီးလှသည်။
၁။ ပြည်သူကို ဖိနှိပ်ထားသော၊ ခေတ်နှင့် မလျော်ညီတော့သော အစိုးရ၏ ဥပဒေ များကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရမည်။
၂။ ပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းကြရမည်။
၃။ တရားစီရင်ရေးစနစ်ကို လွတ်လပ် အောင်ထားရှိပြီး သမာသမတ်ဖြစ်အောင် ပြုပြင်ရမည်။
၎။ စာနယ်ဇင်း လွတ်လပ်ခွင့်များရှိအောင် ပြုပြင်ရမည်။
၅။ ပြည်သူလူထုကို ကူညီပေးမည့် ဥပဒေ အထောက်အကူပြု ကွန်ရက်များကို တိုးချဲ့ ရမည်။
၆။ နည်းဥပဒေများကို ဥပဒေများကဲ့သို့ လေးစား လိုက်နာတန်ဖိုးထား ဆောင်ရွက် ရမည်။
Rule of Law Vs Rule of Man
တရားဥပဒေက အုပ်ချုပ်ခြင်းနှင့် လူကအုပ်ချုပ်ခြင်း
အာဏာရှင် စနစ်နှင့် ဒီမိုကရေစီစနစ် နှစ်ခုကြား မတူ ကွဲပြားမှုများနှင့် ခြားနား ချက်ပေါင်း များစွာအနက် တရား ဥပဒေ စိုးမိုးရေး ရှိ/မရှိ ဟူသော အချက်သည် အရေးကြီး ဆုံးဖြစ်သည်ဟု ဆိုရမည်။ အာဏာရှင် စနစ်တွင် တရား ဥပဒေ ဟူသော အရာသည် အာဏာရှင်များ အာဏာ တည်မြဲရေး အတွက် အသုံးချသည့် နိုင်ငံရေး ကိရိယာ တစ်ခုသာ ဖြစ်သည်။ အာဏာရှင် စနစ်တွင် အာဏာရှင် များသည် ‘တရား ဥပဒေ အထက် (Above the law)’ တွင် ရှိကြသည်။ သူတို့ အာဏာ တည်မြဲရေး အတွက် ဥပဒေကို အမျိုးမျိုး ပြဋ္ဌာန်းကာ ပြည်သူလူထုကို ထိုဥပဒေ များဖြင့် ဖိနှိပ် ချုပ်ချယ်လေ့ ရှိသည်။ ယင်းကို လူက အုပ်ချုပ်ခြင်း Rule of Man ဟု ခေါ်သည်။ အကြောင်း မှာ မတရားသော ဥပဒေသည် တရားဥပဒေ စိုးမိုးရေးကို ဆန့်ကျင်သော ကြောင့် ဖြစ်သည်။ ဥပဒေဖြင့် အုပ်ချုပ် ရုံကာမျှ တရားဥပဒေ စိုးမိုးရေး ‘Rule of Law’ မရရှိနိုင်ပေ။
”လူက အုပ်ချုပ်ခြင်း Rule of Law ဆိုတာ တရား ဥပဒေက အုပ်ချုပ်ခြင်း Rule of Law နှင့် မတူညီပါ။ လူက အုပ်ချုပ်ခြင်း Rule of Man ဆိုရင် ဥပဒေ ဟာ အုပ်ချုပ် သူတွေ ရဲ့ အသုံးတော်ခံ ဖြစ်သွားမည်။ အဲဒီ လူတစ်စုဟာ ဥပဒေ ဆိုတဲ့အရာကို သုံးပြီး အုပ်ချုပ်တော့မည် ဖြစ်သည်။ ဒါဟာ အဲဒီ အုပ်ချုပ်သူတွေ က တရား ဥပဒေ ရဲ့ အထက် မှာရှိခြင်း ‘Above the law’ ဆိုသည့် သဘော ဖြစ်နေသည်။ သို့သော် တရား ဥပဒေက အုပ်ချုပ်ခြင်း Rule of Law တွင် ဥပဒေသည် အသုံးခံ မဟုတ်ဘဲ အုပ် ချုပ်သော အရာ ဖြစ်သွားမည်။
ဒါဟာ အုပ်ချုပ်သူ လူတန်းစား အပါအဝင် နိုင်ငံတွင်းမှာ ရှိသော ပြည်သူမှန် သမျှ အားလုံးကို ဥပဒေက အုပ် ချုပ်တာ ဖြစ်သွားပြီး ဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိ။ ‘ No one is above the law’ ဆိုသည့် သဘောဆောင် သွားမည်။ ထို့ကြောင့် မြန်မာနိုင်ငံဒီမို ကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် သည် လူက အုပ်ချုပ်ခြင်း Rule of Man မှ တရား ဥပဒေက အုပ်ချုပ်ခြင်း (သို့မဟုတ်) တရား ဥပဒေ စိုးမိုးမှု ဆိုသည့် Rule of Law ”သို့ ပြုပြင် ပြောင်းလဲနိုင် မှ သာ အောင်မြင်ပေလိမ့်မည်။
ခေတ်ကျောင်းသား (ဒဂုံ)
အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia
Post a Comment