0


ဘေဂျင်း၊ နိုဝင်ဘာ ၂၉

တရုတ်နှင့် ဂျပန်တို့အကြား ပိုင်နက် အငြင်းပွားနေသော ကျွန်းစုဧရိယာများ အပါအဝင် အရှေ့အာရှပင်လယ်တွင် တရုတ်လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်လိုက်သော်လည်း ဂျပန်က အဆိုပါ ဧရိယာတွင် ယခင်အတိုင်း ကင်းလှည့် စောင့်ကြည့်မှုများ ပြုလုပ်မည်ဟု ကြေညာခဲ့ပြီးနောက် တရုတ်တိုက် လေယာဉ်များကို စေလွှတ်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

တရုတ် လေကြောင်း ကာကွယ်ရေးဇုန် အတွင်းသို့ တရုတ်စစ်တပ်၏ Su- 30 တိုက်လေယာဉ်များနှင့် J-11 လေယာဉ်များ ကိုစေလွှတ်ခဲ့ပြီး ကြိုတင် သတိပေး ရေဒါစနစ်ဖြစ်သော A KJ-2000 လေယာဉ်ကို လည်း စေလွှတ်ခဲ့ကြောင်း တရုတ်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ရှန်ကျင်ကီးက ပြောကြားသည်။

ဂျပန်နှင့် ပိုင်နက် အငြင်းပွားနေသော ကျွန်းများ၏ လေပိုင်နက် အပါအဝင် အရှေ့အာရှ ပင်လယ်ဧရိယာကို တရုတ်လေကြောင်း ကာကွယ်ရေးဇုန်အဖြစ် ကြေညာခဲ့ပြီးနောက် လွန်ခဲ့သော ရက်ပိုင်း အတွင်းကပင် အမေရိကန် B-52 ဗုံးကြဲလေယာဉ်နှစ်စင်းမှာ တရုတ်အစိုးရကို အကြောင်း ကြားခြင်းမရှိဘဲ ပျံသန်းခဲ့ကြသည်။

တရုတ်အစိုးရက လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ကြေညာပြီးနောက် ဂျပန်စစ်တပ်ကလည်း ၎င်းတို့ လုပ်မြဲအတိုင်း ရေယာဉ်များ၊ လေယာဉ်များဖြင့် အရှေ့တရုတ် ပင်လယ်တွင်းသို့ ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂက ပြောကြားသည်။

တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ခြင်းကို အမေရိကန်နှင့် ဂျပန်တို့က ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်သည် ဒေသတွင်း တင်းမာမှုနှင့် ပဋိပက္ခ ဖြစ်ပွားမှုကို တိုးပွားစေကြောင်း၊ တရုတ်၏ သတ်မှတ်ချက်ကို အသိအမှတ် မပြုကြောင်း ပြောကြားထားသည်။

တရုတ်အစိုးရက လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ကြေညာခဲ့ပြီးနောက် အမေရိကန်က ဂျပန်ကို ထောက်ခံသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားသည်။

ယခင်က ကြေညာထားချက်အရ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်သည် လာမည့် သီတင်းပတ်အတွင်း တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ အလည်အပတ်ခရီး သွားရောက် မည် ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top