ဇာခြည်လှိုင်
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။ ။ အတင်း အဓမ္မခိုင်းစေမှု ပပျောက်ရေး အ တွက် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီ လ နှစ်လတာပညာပေးလုပ်ငန်း များကို AFFM နှင့် ILO တို့ ပူး ပေါင်း၍ တိုင်းနှင့်ပြည်နယ်ခုနစ်ခု ၏ မြို့နယ် တစ်မြို့နယ် စီ မှ စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AFFM သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်AFFM နှင့် ILO တို့ ပူးပေါင်း ဆောင်ရွက်မည့် အတင်းအဓမ္မ ခိုင်းစေမှု ပပျောက်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရန် ကုန် တိုင်းဒေ သကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ် စသည့်နေ ရာ ခုနစ်နေရာရှိ မြို့နယ်တစ်မြို့ နယ်စီမှစတင် ကာ ပညာပေးလုပ် ငန်းများကိုစတင်ဆောင်ရွက်သွားမည
ဦးဇာနည်သွေးက ''အတင်း အဓမ္မခိုင်းစေမှုတွေ နိုင်ငံတွင်းမှာ ဘယ်လောက် ကျန်နေသေးလဲဆို တာရယ်။ အလုပ်သမားတိုင်းကို ပိုက်ဆံပေးခိုင်းပေမယ့် မိမိဆန္ဒ မပါရင် အတင်းအဓမ္မခိုင်းစေမှု မြောက်တယ်ဆိုတာရယ် ဥပမာ- အချိန်ပိုခိုင်းစေတာတို့လိုပေါ့
အတင်းအဓမ္မခိုင်းစေမှု လုံးဝ ပပျောက်ရေးကိုဦးတည်ကာ သုံး နှစ်စီမံ ကိန်းဖြင့် ILO နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပထမခြေလှမ်း အဖြစ် နေရာခုနစ် နေရာမှစတင်ကာ ပညာပေးဆွေး နွေးခြင်း ၊ ဟောပြောပွဲများကျင်းပ ခြင်း၊ လက်ကမ်းစာစောင်များဝေ ငှခြင်း၊ ပညာပေးသင်တန်းများ ပေးခြင်း စသည့်ပညာပေးလုပ် ငန်းများကို ဇန်နဝါရီလနှင့် ဖေ ဖော်ဝါရီလ နှစ်လတာစတင်ဆောင် ရွက်ခြင်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
အဆိုပါအတင်းအဓမ္မခိုင်း စေမှုပပျောက်ရေးအတွက် အစိုးရ အနေဖြင့် 'အတင်း အဓမ္မခိုင်းစေ မှု လုံးဝပပျောက်ရေးနားလည်မှု စာချွန်လွှာဖြစ်သည့် ILO ပြဋ္ဌာန်း ချက်၂၉ခုကို လိုက်နာကျင့်သုံးရန် တရားဝင် လက်မှတ်ရေးထိုးထား သည့်အတွက် ILO အနေဖြင့် AFFM နှင့် ပူးပေါင်းကာ မြန်မာ နိုင်ငံအတွင်းတွင် အတင်းအဓမ္မ ခိုင်းစေမှု လုံးဝပပျောက်ခြင်းရှိ မရှိကို စီမံကိန်းချဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လတာကို ပညာ ပေးကာလအဖြစ် သတ်မှတ်၍ ပညာပေးဆွေးနွေးပွဲများ၊ သင် တန်းများ၊ ဟောပြောပွဲများ၊ လက် ကမ်းစာစောင်များ မျှဝေခြင်းများ စသည့်ပညာပေးလုပ်ငန်းများ ကို ဆောင်ရွက်ခြင်းဖြစ်သည်
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.