ရန်ကုန်၊ နိုဝင်ဘာ ၃၀
နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှု ရှိနေသေးသော်လည်း ကချင်ပြည်နယ်မှ စစ်ရှောင်အိမ်ထောင်စု ၁၅ စု(လူပေါင်း ၈၃ ဦး )သည် ဒီဇင်ဘာ ၂ရက်နေ့တွင်နေရပ် သို့ ပြန် ကြ မည် ဟု သိရသည်။
၎င်းတို့က ကချင်ပြည်နယ် အစိုးရထံနေရပ် သိုံ့ပြန် လိုပါ ကြောင်း မေတ္တာရပ်ခံစာ ပေးပို့ထား ရာ ပြည် ထောင်စု အစိုးရ အဖွဲ့ ၏ ခွင့်ပြု ပေးမှုဖြင့် ပြန် ကြခြင်းဖြစ်သည် ဟု သိရသည်။ ပြန် ကြ မည့် အိမ်ထောင်စုများမှာ မြစ်ကြီးနားမြို့နယ် ဝန်းသို ကယ်ဆယ် ရေးစခန်းတွင် နေထိုင်ကြပြီး ယင်းတို့ ပြန်သွားလိုသောနေရာမှာ တာလောကြီး အပိုင် စံကင်းရွာဖြစ်သည်ဟု ပြည်နယ် ဝန်ကြီး ဒေါ်ဘောက်ဂျာကအတည်ပြု ပြောသည်။ ''သူတို့ရဲ့ရွာကိုပါ ပြန်လည် ထူထောင်မှုတွေ လုပ်ပေးရမှာပါ'''ဟုဝန်ကြီး ဒေါ်ဘောက်ဂျာကဆိုသည်။ စံကင်းရွာမှာ တိုက်ပွဲဒဏ်ကြောင့် အပျက်အစီး ထိခိုက်မှုမှာ အနည်းငယ် သာရှိ၍ လို အပ် သော နေအိမ် ၃လုံး၊ စာသင်ကျောင်း ၁ ကျောင်း ကို ပြည်နယ် အစိုးရ အဖွဲ့ အစီ အစဉ် ဖြင့် ကူ ညီ ဆောက် လုပ်ခြင်း များ ၊ ၁ လ စာစားသောက်မှု ဆန်များ၊ အိမ် သုံးပစ္စည်း များ၊ အမိုး အကာများ ၊ ကျောင်းသုံးပစ္စည်းများ ကို စီစဉ်ပေးလိုက်မည် ဟု ၄င် ထံမှ သိရသည်၊ စစ်ရှောင်အိမ်ထောင်စု ၁၅ စုကို စက် လှေ ဖြင့် ဒီ ဇင် ဘာ ၂ရက်နေ့တွင်နေရပ် ပြန် ပို့မည် ဖြစ်ပြီး ထို သူများ ကနှစ်နှစ်ခွဲနီးပါးကြာ လူပေါင်း တစ်သိန်း နေရပ်စွန့်ခွာ၍ စစ်ဒဏ် ကြောင့် ရှောင်တိမ်းနေခဲ့ကြသူထဲတွင်ပထ မဆုံး ပြန် ပို့ ခံ ရသူ တို့လည်းဖြစ်သည်။ဇော်မျိုးသူ
အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.