0


ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရှောက်ခုံကျေးရွာမှာ ကြုံတွေနေရတဲ့ အခက်အခဲလေးကို တတ်နိုင်တဲ့ဘက်က အကူအညီပေးစေချင်ပါတယ်ခင်ဗျာ။ ရှောက်ခုံကျေးရွာကို လမ်းနဲ့မလွတ်ဘူးဟု ပြောကာပေ (၁၅၀) နောက်ဆုတ်ပေးရမယ်လို့ပြောပြီး ဖယ်ခိုင်းပါတယ်။ နောက်ပြီးလမ်းကိုအစိုးရပိုင်တာမဟုတ်ဘူး၊ ကုမ္ပဏီကပိုင်တာလို့ ပြောပြီး သုံးပါတ်အတွင်း အပြီးရွှေ့ပေးရမယ်၊ မရွှေ့ပေးရင်ထောင်သုံးနှစ်နဲ့ ပိုက်ဆံလျှော်ရမယ်လို့ ကုမ္ပဏီက SAE တစ်ယောက်က ချိန်းခြောက်ပြောင်းရွှေ့ခိုင်းပါတယ်။ ဘယ်ကုမ္ပဏီကဆိုတာကိုလည်း မပြောသလို သူရဲ့နာမည်ကိုလဲမပြောပါဘူး၊ ပြောင်းပေးဖို့ကိုသာ ချိန်းခြောက်ပြောဆိုသွားပါတယ်၊ ဖြစ်နိုင်ရင် သက်ဆိုင်ရာလူကြီးတွေသိအောင် ကူညီပေးစေချင်ပါတယ်။

***********************************************************

ဟင်္သာတမြို့ မြဝတီရပ် ကံ့ကော်လမ်းမကြီးဘေး သီရိ(၂)လမ်းထိပ်မှ သိန်းညွှန့် ခေါ် ထိပ်ချွန်းအရက်ဆိုင်ဟာ ရပ်ကွက်ထဲမှာ အရမ်းဆိုးဝါးနေပါတယ်၊ နေ့စဉ် ရက်ခြားလိုလို ရန်ပွဲများဖြစ်နေပါတယ်၊ ရိုက်ပွဲ ဒါးခုတ်ပွဲများ မကြာခဏဖြစ်နေပါတယ်၊ လမ်းသွားလမ်းများကိုလဲ အမြဲလိုလို ရန်မူပြီး ရန်စသဖြင့် ခဏခဏရန်ပွဲများဖြစ်နေပါတယ်၊ အဲဒီအကြောင်းအရာတွေဟာ ဆိုင်ရှင်ပေါ်မူတည်နေပါတယ်၊ ဆိုင်ရှင်မှ မထိန်းသိမ်းနိုင်ခြင်း တချို့ကိစ္စများတွင် မြှောက်ပေးခြင်းများ ပြုလုပ်သည့်အတွက် ဖြစ်ပါတယ်၊ သက်ဆိုင်ရာမှ ကူညီဆောင်ရွက်ပေးရန်အတွက် HumanRights မှ တင်ပေးစေလိုပါတယ်။

***********************************************************

ဟင်္သာတ ဘူတာမှာ အမြန်ရထားလက်မှတ်ခတွေကို သတ်မှတ်နှုန်းထားတွေထက်ပိုပြီး တောင်းနေပါတယ်ခင်ဗျာ၊ အဲဒါလေးကို တင်ပေးစေချင်ပါတယ်၊ ကျွန်တော် လက်မှတ်သွားဝယ်တာ သတ်မှတ်နှုန်းက ၁၁၀၀/- ဆိုပေမယ့် ၁၅၀၀/-တောင်းလိုက်တယ် အဲဒါကြောင့် အကူအညီတောင်းလိုက်တာပါ ခင်ဗျာ။

အေးချမ်းမွန် Credit To >Hinthata HumanRights

Post a Comment

 
Top