ဒီနေ့နံနက်စောစော ဘာနေဗျူး ကွင်းတစ်ကွင်းလုံး ရော်နယ်ဒိုရဲ့ပုံရိပ်တွေ
နဲ့ပဲ ပြည့်လျှမ်းခဲ့ပါတယ်။ ပွဲကြည့်စင် ဘယ်အခြမ်းကို ကြည့်ကြည့် အားလုံးရော်နယ်ဒိုတွေချည်းပါပဲ။ အနည်းဆုံးတော့ ရော်နယ်ဒို (၄၅၀၀၀)လောက် ရှိပါလိမ့်မယ်။ ၂၀၁၃ကမ္ဘာ့အကောင်းဆုံး
ဘောလုံးသမားဆုအတွက် သူ့တို့ရဲ့ နံပါတ်(၇)ကို အားပေးထောက်ခံတယ်ဆိုတာကို ပြသဖို့
အတွက် ဂါလာတာစာရေးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်ပရိသတ်တွေက ရော်နယ်ဒိုမျက်နှာဖုံးတွေ တပ်ဆင်ခဲ့တာက ဘာနေဗျူးတစ်ကွင်းလုံး ရော်နယ်ဒိုရဲ့ ပုံရိပ်၊ ရော်နယ်ဒိုဆိုတဲ့ အမည်နာမ လွှမ်းခြုံ သွားခဲ့တဲ့ အကြောင်းရင်းပါပဲ။
အဲဒီ ရော်နယ်ဒို မျက်နှာဖုံးနောက်မှာရေးထားတာက “ပွဲအစမှာပဲ ဖြစ်ဖြစ်၊ ပွဲချိန် (၇)မိနစ် နဲ့(၇၇)မိနစ်မှာပဲဖြစ်ဖြစ်၊ ရော်နယ်ဒို ဂိုးသွင်းတဲ့ အချိန်တိုင်းမှာဖြစ်ဖြစ် ဒီမျက်နှာဖုံးကို ၀တ်ဆင်ပါ”ဆိုတဲ့ စာသားပါပဲ။ ရော်နယ်ဒိုဟာ ပေါင်ကြွက်သား ဒဏ်ရာကြောင့် ဂါလာတာစာရေးနဲ့ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် ပွဲကြည့်စင်ပေါ်ကနေ သူ့အသင်းကို အားပေးခဲ့ပြီး ပရိသတ်တွေရဲ့ ထောက်ခံအားပေးမှုကို
လည်း ကျေနပ်ခဲ့ပုံရပါတယ်။ တစ်ချို့တွေက မျက်နှာဖုံး၊ တစ်ချို့တွေက စာတမ်းတွေကိုင်ပြီး အားပေးခဲ့ချိန် ပွဲကြည့်စင် တစ်ဖက်ခြမ်းမှာတော့ ရော်နယ်ဒိုဆိုတဲ့ အမည်ကို balon de oro ဆိုတဲ့ စကားလုံးနဲ့ ပေါင်းစပ်ဖော်ပြခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
http://yoyarlay.com/sport/football/38938-2013-11-28-02-46-31
အေးချမ်းမွန် Credit To > YoYarLay
Post a Comment