Created on Friday, 29 November 2013 23:01
မြ၀တီနယ်စပ်တွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လာသဖြင့် ကားဈေးကွက် ပြန်လည်အသက်ဝင်လာပြီး မတ်တူးကားများ အရောင်းသွက်နေကြောင်း မြ၀တီနယ်စပ် ကားဈေးကွက်မှ ၀ယ်ရောင်းအကျိုးဆောင် လုပ်သူများ၏ ပြောပြချက်အရ သိရသည်။
" ယခင်လတွေထက်စာရင် နယ်မှကားကုန်သည်တွေ လာဝယ်တာ ပိုများပါတယ်။ အများဆုံးကတော့ မတ်တူးပေါ့။ လမ်းကြောင်းပေါ်မှာလည်း မူတည်ပါတယ်။ ခရီးလမ်းပန်း ဖြောင့်ဖြူးရင် အရောင်းအ၀ယ် ပိုသွက်ပါတယ်" ဟု နှစ်နိုင်ငံနယ်စပ်ရှိ ကားဈေးကွက်အတွင်း ကားဝယ်ရောင်း အကျိုးဆောင်လုပ်နေသူ တစ်ဦးက ပြောကြားသည်။
မြ၀တီနယ်စပ် ကုန်သွယ်မှုလမ်း ဖြောင့်ဖြူးလာသော်လည်း ယင်းကားများမှာ နယ်စပ်စခန်းမှ တရားဝင် အခွန်ဆောင်သွားလာခြင်း မဟုတ်ဟု ဆိုသည်။ နယ်စပ် ကားဝယ်ရောင်းဈေးကွက်တွင် လူကြိုက်များသည့် မတ်တူးကားများနည်းတူ မက်စ်(8)၊ CRV (ပါဂျရိုးအုပ်စု)၊ ပါဂျရိုး၊ လင့်ခရူဇာ၊ ပရိုဘောက်၊ ကန်တာ၊ ဟွန်ဒါဖစ်ကားများလည်း ၀ယ်လက်လိုက်လျှက်ရှိကာ ယာဉ်တန်းအဆင်း နေ့တိုင်း အစီး ၅၀ မှ ၈၀ ကြား ကုန်သွယ်လျှက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့  ညပိုင်းကားကုန်သွယ်မှုမြင့် တက်လာခြင်းနှင့် ပတ်သက်၍ ကော့ကရိတ်မြို့မှ ဒေသခံတစ်ဦးက ဂျူတီမဲ့ ကုန်ကားတွေ၊ without ကားတွေက တစ်ညလုံးသွားနေတော့ ဖွင့်ထားတဲ့ ဂိတ်တွေရဲ့ တစ်ည၀င်ငွေဟာ သိန်း(၂၀)နဲ့ (၃၀)ကြားရှိပါတယ်" ဟု ပြောကြားသည်။ အဆိုပါကားများမှာ ဂျပန်တပတ်ရစ် ကားများဖြစ်ပြီး မြ၀တီနယ်စပ်မှတစ်ဆင့် ပြည်တွင်းနေရာအနှံ့သို့ တင်ပို့သလို ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်းနှင့် ဈေးကွက်အတွင်းရှိ တန်ဖိုးနည်းကားများမှာ ဘတ်နှစ်သိန်းမှ ဘတ်ခြောက်သိန်းထိ အမျိုးအစားလိုက်၍ ဈေးကွာဟမှုရှိကြောင်း သိရသည်။
"မြန်မာဘက်ကို ပြန်ရောင်းတဲ့ ကားတွေထဲမှာ ထိုင်းကားတစ်ချို့ဆို ကုမ္ပဏီထုတ်ဈေးထက် လျော့တယ်။ ဘာလို့လဲဆိုတော့ နှစ်ပေး အရစ်ကျ ငွေချေစနစ်နဲ့ဝယ်ပြီး ဒီဖက်ကို လက်ငင်းရောင်းကြပါတယ်"ဟု ကားကုန်သည်တစ်ဦးက ဆိုသည်။
ဗန်ကောက် ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို ထိုင်းတစ်ပတ်ရစ် ကားကုမ္ပဏီများက ကားသယ်ယာဉ် ကွန်တိန်နာများဖြင့် တင်ဆောင်ကာ သောင်ရင်းမြစ်ကမ်းစပ်ရှိ ကားဈေးကွက်သို့ ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။
သောင်ရင်းတစ်ဖက်ကမ်းရှိ (၁၃)ဂိတ်မှ ကမ်းကူရန် စောင်ဆိုင်းနေသော ကားများနှင့် ကားဈေးကွက်အတွင်း ကားကြည့်နေသူများကို နိုဝင်ဘာနောက်ဆုံးပတ်က တွေရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment