0


Created on Saturday, 30 November 2013 00:34

ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်းအား ရေးဆွဲရန်အတွက် အချိန်ကာလ နှစ်နှစ်သတ်မှတ်ထားပြီး အဆိုပါ သင်ရိုးညွှန်းတမ်း ရေးဆွဲပြီးပါက ပညာရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းပြင်ပအလယ်တန်း ပညာရေး သင်ရိုးညွှန်းတမ်းအား ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး သြဂုတ်လမှ စတင်ရေးဆွဲနေခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာ ဆက်လက်မသင်ယူနိုင်ဘဲ ကျောင်းပြင်ပရောက်ရှိနေသည့် ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

"အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက် မသင်ယူနိုင်တဲ့ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတွေအတွက်ကို ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နဲ့ ပညာဆက်လက် သင်ယူနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ အခြေအနေက အောင်မြင်မှု ရရှိခဲ့တဲ့အတွက် အခုလို အလယ်တန်းအဆင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ကျောင်းပြင်ပ အလယ်တန်းပညာရေး စတင်အကောင်အထည်ဖော် ဆောင်ရွက်မယ့် အချိန်ကိုတော့ မပြောတတ်သေးပါဘူး"ဟု အဆိုပါ ကျောင်းပြင်ပ အလယ်တန်းပညာရေး အကောင်အထည်ဖော် ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပညာရေး သုတေသနဦးစီးဌာနနှင့် UNESCO တို့ ပူးပေါင်းကာ ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းတွင် ပါဝင်မည့် စာအုပ်စာတမ်းများ ပြုစုနေပြီး အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့်နည်းတန်းတူတန်းညှိ စနစ်ဖြင့် ရေးဆွဲနေကြောင်း သိရသည်။

ကျောင်းပြင်ပ ပညာရေးအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ရှိခဲ့ပြီး ဆင့်ကဲအတန်းများအလိုက် ပဉ္စမတန်းတွင် ၈၄၇ ဦး၊ ဆဋ္ဌမတန်းတွင် ၃၅၂ ဦး၊ သတ္တမတန်းတွင် ၉၉ ဦး၊ အဋ္ဌမတန်းတွင် ၂၄ ဦးနှင့် န၀မတန်းတွင် ကိုးဦး တက်ရောက်သင်ကြားနေသည်။

ကျောင်းပြင်ပ ပညာရေးအား ၂၀၀၈-၂၀၀၉ ခုနှစ်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈ မြို့နယ်၊ မွန်ပြည်နယ်တွင် ၁၀ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ကိုးမြို့နယ်၊ နေပြည်တော်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် သုံးမြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် ကချင်ပြည်နယ် မြို့တစ်မြို့နယ်တို့ ဆောင်ရွက်နေပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့နယ်ပေါင်း ၈၀ တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်၌ ကျောင်းပြင်ပ မူလတန်းပညာရေး တက်ရောက်သင်ကြားနေသူ ကလေးတစ်ဦးအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top