0


ရန်ကုန် နိုဝင်ဘာ ၂၆

သန်လျင်မြို့နယ် ကွမ်းခြံကုန်း ကျေးရွာ သဒ္ဒါရပ်ကွက်နေ အောင်ဇော်ဇော်(ခ) ပွကြီး ၂၃ နှစ်သည် နိုဝင်ဘာ ၁၃ ရက်တွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေး ရွာအတွင်း ငွေစက္ကူ တစ်ထောင် တန်အတုများ ဖြစ်သော

LE /ဌင ၆ဝ၁၉၆၃၃ ငါးရွက်၊ LE /ဌင ၆ဝ၁၉၆၇၄ ငါးရွက်၊ LE /ဌင ၆ဝ၁၉၆၇၅ သုံးရွက်၊ LE /ဌင ၆ဝ၁၉၆၇၉ သုံးရွက် စုစုပေါင်း ငွေစက္ကူအတု တစ်ထောင်တန် အသေး ၁၆ ရွက် တို့ကို သုံးစွဲခဲ့သဖြင့် သန်လျင် မြို့မရဲစခန်းမှ သိမ်းဆည်းရမိပြီး အမှတ်(၇) မှုခင်းတပ်ဖွဲ့က ကွင်းဆက် စုံစမ်း ဖော်ထုတ်ခဲ့သည်။

အဆိုပါ ငွေစက္ကူအတုများမှာ သင်္ဃန်းကျွန်းမြို့နယ် (၁၆/၁) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အမှတ်(၁၁၃/ဘီ) ခုနစ်လွှာနေ မျိုးသူရ ၄၄ နှစ်၊ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနအိမ်ရာ ၁ဝ လမ်း တိုက် (၃၃) ၅ လွှာ အခန်း ၄ဝ၂ နေ ခင်ဇော်ဦး ၄၆ နှစ်တို့ နှစ်ဦးမှ တုပထုတ်လုပ်ခဲ့သော ငွေစက္ကူ အတုများဖြစ်ကြောင်း အောင်ဇော်ဇော်(ခ) ပွကြီးသည် အဆိုပါ ငွေစက္ကူအတု ၁၆ ရွက်ကို ဒဂုံအရှေ့မြို့နယ် (ဂ)ရပ်ကွက် စပယ်(၁)လမ်း အမှတ် (၂၅ဝ) နေ မျိုးကြီး(ခ) မျိုးကျော်ဆန်း ၃၇ နှစ်ထံမှရရှိခဲ့သော ငွေစက္ကူ အတုတစ်သိန်းအနက်မှ သုံးစွဲခဲ့သော ငွေများဖြစ်ပြီး မျိုးကြီး(ခ) မျိုးကျော်ဆန်းသည် အောင်ဇော်ဇော်(ခ)ပွကြီးအား တစ်ထောင်တန် ငွေစက္ကူအတု အသေး တစ်သိန်းနှင့် ထင်မျိုးကျော် (ခ) အာကြီး ၂၈ နှစ်၊ အမှတ်(၁၈၂-အေ)၊ သဇင်(၉)လမ်း အေးသာယာ ရပ်ကွက် သန်လျင်မြို့နယ်နေသူအား တစ်ထောင်တန် ငွေစက္ကူ အတုအသေး တစ်သိန်းသုံးစွဲရန် ပေးအပ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သန်လျင်မြို့မရဲစခန်းမှ (ပ) ၁ဝ၇၅/၁၃၊ ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် အမှုဖွင့်ပြီး တရားခံ အောင်ဇော်ဇော်(ခ) ပွကြီး၊ ထင်မျိုးကျော် တို့အား ဖမ်းဆီးစစ်ဆေးပြီး ကျန်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment

 
Top