[ စတက်ဖိုဒ့် ရှိုင်ယား ၊ နိုဝင်ဘာ ၁၉ ၊ Ref- Daily Mirror]
အမြဲတမ်းဆာလောင်မှုကို ဖြစ်စေ သော ရှားပါးသည့်မျိုးဗီဇဖောက် ပြန်သည့်ရောဂါကြောင့် ၂၃လ အရွယ်ရှိ ယောက်ျားလေးတစ်ဦး သည် အသက်အန္တရာယ်ဖြစ် လောက်အောင်စားမည်ကို ၎င်း ၏မိဘများက စိုးရိမ်လျက်ရှိသည်။ဂီးဇာဘတ်စ်တန်သည် နိုင်ငံ တွင်း၌ ရှားပါးသောမျိုးဗီဇဖောက် ပြန်သည့်ရောဂါလက္ခဏာစုPra-der Willi Syndrome (PWS) ရရှိနေသည့် လက်တစ်ဆုပ်စာတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
စတက်ဖို့ဒ်ရှိုင်းယားချက်စ တာတန်မှ အဆိုပါလမ်းလျှောက် စကလေးသည် လက်လှမ်းမီသမျှ ဘာမဆိုစားသောက်ရန် ဆန္ဒရှိနေ ပြီး မည်သည့်အချိန်ဗိုက်ပြည့်သွား သည်ကို မသိရှိပေ။ PWS ရောဂါခံစားရသူများ သည် များသောအားဖြင့် အငမ်း မရ စားသောက်တတ်ကြပြီး ယေဘု ယျအားဖြင့် အသက်ခြောက်နှစ် မတိုင်မီ အစားအသောက်စွဲလမ်း မှုစတင်လေ့ရှိသည်။ ၎င်းရောဂါ ရှိနေသူတို့သည် မတင်းတိမ်သည့် စားချင်စိတ်ရှိနေသည့်အပြင် ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက် မှုလည်း နှေးကွေးသည်။ ထို့ပြင် သင်ယူမှု အခက်အခဲများလည်း ရှိသည်။ အင်္ဂလန်၌ တစ်နှစ်လျှင် ကလေး၁၅၀၀၀ မွေးဖွားတိုင်း တစ် ဦးမှာ ၎င်းရောဂါဖြစ်တတ်သည်။
၂၀၁၁ခုနှစ်က အဆိုပါ ရောဂါရှိသူ နှစ်နှစ်အရွယ်အယ်လ် ဖီမာဇေကာသည် ဧည့်ခံပွဲတွင် တည်ခင်းမည့်ဆဲဆဲ မင်္ဂလာသုံး ထပ်ကိတ်ကြီး တစ်ချီတည်းတွယ် ခဲ့သည်။ ၂၀၁၂ခုနှစ် ဇွန်လက လည်း အလားတူရောဂါရှိသူစတုံ ၂ဝရှိ ဂျိတ်ဟောသည် အသက် အန္တရာယ်ဖြစ်လောက်အောင် သဘောရှိစားသောက်ပြီးနောက် ၂၄နာရီလုံးလုံး သူမ၏မိသားစုက စောင့်ရှောက်ရန် လိုအပ်လာခဲ့ သည်။ အသက်၂ဝအရွယ်တွင် ဂျိတ်ဟောသည် လူ၁၂ဦးစာ ထမင်းဟင်းကို စားသောက်နိုင် သည်ဟု သိရသည်။
အေးချမ်းမွန် Credit To > Yangon Media Group
![Photo: မျိုးဗီဇဖောက်ပြန်မှုကြောင့် အမြဲတမ်းဆာလောင်နေသည့် ကလေး အန္တရာယ်ဖြစ်အောင်စားမည်ကို မိဘများစိုးရိမ်
[ စတက်ဖိုဒ့် ရှိုင်ယား ၊ နိုဝင်ဘာ ၁၉ ၊ Ref- Daily Mirror]
အမြဲတမ်းဆာလောင်မှုကို ဖြစ်စေ သော ရှားပါးသည့်မျိုးဗီဇဖောက် ပြန်သည့်ရောဂါကြောင့် ၂၃လ အရွယ်ရှိ ယောက်ျားလေးတစ်ဦး သည် အသက်အန္တရာယ်ဖြစ် လောက်အောင်စားမည်ကို ၎င်း ၏မိဘများက စိုးရိမ်လျက်ရှိသည်။ဂီးဇာဘတ်စ်တန်သည် နိုင်ငံ တွင်း၌ ရှားပါးသောမျိုးဗီဇဖောက် ပြန်သည့်ရောဂါလက္ခဏာစုPra-der Willi Syndrome (PWS) ရရှိနေသည့် လက်တစ်ဆုပ်စာတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
စတက်ဖို့ဒ်ရှိုင်းယားချက်စ တာတန်မှ အဆိုပါလမ်းလျှောက် စကလေးသည် လက်လှမ်းမီသမျှ ဘာမဆိုစားသောက်ရန် ဆန္ဒရှိနေ ပြီး မည်သည့်အချိန်ဗိုက်ပြည့်သွား သည်ကို မသိရှိပေ။ PWS ရောဂါခံစားရသူများ သည် များသောအားဖြင့် အငမ်း မရ စားသောက်တတ်ကြပြီး ယေဘု ယျအားဖြင့် အသက်ခြောက်နှစ် မတိုင်မီ အစားအသောက်စွဲလမ်း မှုစတင်လေ့ရှိသည်။ ၎င်းရောဂါ ရှိနေသူတို့သည် မတင်းတိမ်သည့် စားချင်စိတ်ရှိနေသည့်အပြင် ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတိုးတက် မှုလည်း နှေးကွေးသည်။ ထို့ပြင် သင်ယူမှု အခက်အခဲများလည်း ရှိသည်။ အင်္ဂလန်၌ တစ်နှစ်လျှင် ကလေး၁၅၀၀၀ မွေးဖွားတိုင်း တစ် ဦးမှာ ၎င်းရောဂါဖြစ်တတ်သည်။
၂၀၁၁ခုနှစ်က အဆိုပါ ရောဂါရှိသူ နှစ်နှစ်အရွယ်အယ်လ် ဖီမာဇေကာသည် ဧည့်ခံပွဲတွင် တည်ခင်းမည့်ဆဲဆဲ မင်္ဂလာသုံး ထပ်ကိတ်ကြီး တစ်ချီတည်းတွယ် ခဲ့သည်။ ၂၀၁၂ခုနှစ် ဇွန်လက လည်း အလားတူရောဂါရှိသူစတုံ ၂ဝရှိ ဂျိတ်ဟောသည် အသက် အန္တရာယ်ဖြစ်လောက်အောင် သဘောရှိစားသောက်ပြီးနောက် ၂၄နာရီလုံးလုံး သူမ၏မိသားစုက စောင့်ရှောက်ရန် လိုအပ်လာခဲ့ သည်။ အသက်၂ဝအရွယ်တွင် ဂျိတ်ဟောသည် လူ၁၂ဦးစာ ထမင်းဟင်းကို စားသောက်နိုင် သည်ဟု သိရသည်။
အေးချမ်းမွန် Credit To > Yangon Media Group <Thanks
https://www.facebook.com/excellencemedia](https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-ash4/p480x480/1450257_551144124977125_1139744346_n.jpg)
Post a Comment