**********************************အယ်ဒီတာ့အာဘော် ကဏ္ဍ**********************************ပထမအကြိမ် အဋ္ဌမပုံမှန် လွှတ်တော်အစည်းအဝေး များအပြီး ပေါ်ထွက် လာသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် လွှတ်တော် ကိုယ်စားလှယ်များအား ကျပ်သိန်း၁၀၀၀ သုံးစွဲခွင့်ပြုသည့်ကိစ္စသည် လွှတ်တော် ကိုယ်စားလှယ်များအား ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင် ရာတွင် အတိုင်းအတာတစ်ခုအထိ အထောက် အကူရမည့်ကိစ္စဖြစ် သည့် အတွက် ကောင်းသော လုပ် ဆောင်ချက်ဖြစ် သည်ဟု ယေဘုယျဆိုနိုင်သည်။
သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အင်တာဗျူးတစ်ခုတွင်သူ့မြို့နယ်အတွင်းလူထု၏ရေအခက်အခဲများကို ဖြေရှင်းရာတွင် သူသည် ရင်းနှီးရာလုပ်ငန်းရှင်တချို့ကို အလှူခံသည့် နည်းလမ်း ဖြင့်သာ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အစိုးရ၏ အထောက်အပံ့ မရရှိပုံကို ပြောကြား ထားသည်ကို တွေ့ဖူးသည်။ ထိုကဲ့ သို့ပင် မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်ညိုညိုသင်းဆိုပါက သူ၏မြို့နယ်အတွင်း ရေ၊ မီး၊ ကျန်းမာရေး၊ မြောင်းကိစ္စများ ဖြည့်ဆည်းပေးရန် တင်ပြလာကြသော် လည်း သူမ အနေဖြင့် မဖြစ်နိုင်သည် ကို အာမခံချက် မပေးကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ ရန် ပုံငွေမရှိခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ လူထုကိုရှင်းပြ ရသည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည် ကို တွေ့ဖူးသည်။
ထိုကဲ့သို့ပင် လွှတ်တော်ကိုယ်စားလှယ် တော်တော်များများသည် ဘတ်ဂျက် မ ရှိသဖြင့် ဒေသန္တရ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသည် ကို လူထုကလည်း ထောက်ပြဝေဖန်ကြသည်ကို တွေ့ခဲ့ရ ဖူးပေသည်။ ယခု လွှတ်တော်ကိုယ်စားလှယ်များကို ကျပ် သိန်း ၁၀၀၀ သုံးစွဲခွင့်ပြုလိုက်ပြီဖြစ် ရာ ထိုပြဿနာများ အတန်အသင့် ပြေလည်မှုရရှိနိုင်လိမ့်မည်ထင်သည်။
သို့ရာတွင် ကန့်သတ်ချက်တွေတော့ ရှိပါသည်။ လုပ် ငန်းတစ်ခုစီအတွက် ကျပ်သိန်း၅ဝထက် ပိုသုံးစွဲခွင့်မရှိ ဟူသော ကန့်သတ်ချက်မျိုး ဖြစ်သည်။
တာမွေမြို့နယ် မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ့ မြို့နယ် အတွင်း ရေရှိရေးကို ပထမဦးစားပေးအဖြစ်လုပ်မည် ဟု စိတ်ကူးထားပြီး ပညာရေး၊ ကျန်းမာရေးကို ဒုတိယ၊ တတိယအဆင့်အဖြစ် သတ်မှတ်ထားကြောင်း၊ ပညာ ရေး တွင် ကျောင်းစာ သင်ခန်းများကို ပြုပြင်ရန်စိတ်ကူး ထားကြောင်း ဖော်ပြထား သည်ကို တွေ့ရသည်။ ထိုစိတ် ကူးများက ကောင်းမွန်ပါသည်။
တစ်ခုကို ကျပ်သိန်း၅၀ ဖြင့် မည်သို့လုပ်လို့ရနိုင်ပါမည် နည်း ။ နေပြည်တော်ရေ ရှိ ရေး ကို ကျပ်သိန်းပေါင်း ၁၄၀၀၀ တင်ထားသည် ဟုဆို ထားရာ တစ်ခုကို ကျပ်သိန်း၅ဝထက် မပိုသောနှုန်းဖြင့် မည်သို့လုပ်နိုင် မည်လဲဆိုသည်မှာ စိတ်ဝင်စားစရာကောင်း ပါသည်။
ထို့ပြင် ယင်းရန်ပုံငွေသုံးစွဲခွင့်ကာလ သတ်မှတ် ချက်သည် ၂၀၁၄ခုနှစ်မတ်လအထိသာဖြစ်ရာ လေးလ ကျော် ငါးလခန့် အချိန်ရရှိမည်ဖြစ်သည်။
ထိုသို့ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ ရန်ပုံငွေ ကို ဖိလစ်ပိုင်နိုင်ငံမှ လွှတ်တော်အမတ်များကို ခွင့်ပြုထား ခြင်းရှိရာ ဖိလစ်ပိုင်မှ လွှတ်တော် အမတ်များကမူ ထိုရန် ပုံငွေများကို ထုတ်ယူပြီး ဒေသန္တရဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် မသုံးစွဲဘဲ ကိုယ်ကျိုး အတွက်သာ သုံးစွဲကြသဖြင့် ဖိလစ်ပိုင်လူထုက ထိုလွှတ်တော်အမတ်များကို ဆန္ဒပြခဲ့ ကြသည်ကို သိပ်မကြာသေးမီက တွေ့ရသည်။ ထိုသို့ဖြစ် လာလျှင် မြန်မာ့လွှတ်တော် ကိုယ်စားလှယ်များ အတွက် ဒေသန္တရဖွံ့ဖြိုးရေး ရန်ပုံငွေ သည် ထောင်ချောက်တစ်ခု ဖြစ်လာ နိုင်ပြီး တကယ့် မိမိမြို့နယ်၊ ရပ်ကွက်နေ လူထု အကျိုး လုပ်ဆောင်ပေး နိုင်သူတို့အဖို့ ပြည်သူ၏ ယုံ ကြည် အားကိုးအားထားခြင်းကို ရရှိလာစေနိုင်မည်ဖြစ် ပါကြောင်း။
အယ်ဒီတာ
နိုဝင်ဘာ ၂၆၊ ၂၀၁၃
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment