မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာန လက်အောက်ရှိ သစ်စက်များမှ ကျွန်းခွဲသားများနှင့် ထင်းများကို လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း လေလံတင် ရောင်းချရေးအဖွဲ့မှ သိရသည်။
မြန်မာ့သစ်လုပ်ငန်း လက်အောက်ရှိ ကြည့်မြင်တိုင်ရှိ အမှတ်(၁)သစ်စက်မှ ထင်း ၂၁၃ တန်၊ အလုံမြို့နယ်ရှိ အမှတ်(၂)မှ ထင်း ၂၀၅ တန်၊ ၀ါးတရာအမှတ်(၃)သစ်စက်မှ ထင်းတန် ၁၈၀၊ ၀ါးတရာအမှတ်(၄) သစ်စက်မှ ထင်း ၇၅ တန်၊ ၀ါးတရာအမှတ်(၆)သစ်စက်မှ ထင်း ၉၉ တန်နှင့် သန်လျင်ရှိ အမှတ်(၁၀)သစ်စက်မှ ထင်းတန် ၇၅၀ ကို လေလံတင် ရောင်းချမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကျွန်းခွဲသားနှင့် ထင်းများကို ကြည့်မြင်တိုင်မြို့နယ်ရှိ အမှတ်(၁)သစ်စက်တွင် ဒီဇင်ဘာ ၁၈ ရက်တွင် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိ အမှတ်(၈)သစ်စက်မှ ကျွန်းခွဲသား ၁ ဒသမ ၈၆ တန်၊ ဒလမြို့နယ်ရှိ အမှတ်(၁၄)သစ်စက်မှ ၂၃ ဒသမ ၄၉ တန်ကို လေလံတင် ရောင်းချမည် ဖြစ်ကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပ ရောင်း/စက်ဌာနမှ ပြည်တွင်းသစ် အခြေခံ စက်မှုလုပ်ငန်း၊ စက်ရုံကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ရန် ကျွန်းသစ်လုံးတန် ၄၃၀ ကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့ ရောင်းချခြင်းကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်) တော်ဝင်ခန်းမ၌ ဒီဇင်ဘာ ၆ ရက်တွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ တစ်နှစ်အတွက် ပြည်တွင်းသုံးရန် သစ်မာ သစ်လုံးတန် ၆၀၀၀၀၀ ကို ပုဂ္ဂလိက သစ်စက်ပိုင်ရှင်များထံ အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။
(ဒဂုံဆိပ်ကမ်း စက်မှုဇုန်ဝင်းအတွင်းရှိ သစ်အခြေခံ လုပ်ငန်းတစ်ခုအား တွေ့ရစဉ်
)
အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment