နေပြည်တော်၊ နိုဝင်ဘာ ၈
၆-၁၁-၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန် မွန်ပြည်နယ်၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ သထုံမြို့၊ နောင်ဘိုကျေးရွာနေ မှိုင်းဝေ(၃၆)နှစ်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေစဉ် မှိုင်းဝေနှင့်အတူ ဖာပွန်မြို့နယ်၊ နောဝီထရွာနေ စောဘီနိုး(၃၇)နှစ်၊ ကမမောင်းရွာနေ ထွန်းလှအောင်(ခ)အီစာ(၅၃)နှစ်တို့အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ် ဆေးပြား(၄၀၄၀)ပြား၊ ငွေကျပ်(၇၀၀၀၀ိ/-)၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဆိုင်ကယ်(၂)စီးတို့အားဖမ်းဆီးရမိသည်။ စစ်ဆေးဖေါ်ထုတ်ချက်အရ သထုံမြို့နယ်၊ တံတားဦးကျေးရွာ အုပ်စု၊ ထီတမူကျေးရွာရှိ ကျော်လွန်း(ခ) ဖားငဲ့(၄၂)နှစ်နေအိမ်သို့ ဆက်လက်ရှာဖွေရာ ကျော်လွန်းအား ဖမ်းဆီးရမိခဲ့ပြီး ရော်ဘာခြံအတွင်းမြှုပ်ထားသောကော်ပုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၁၈၄၀၀၀)ပြား သိမ်းဆည်းရမိသဖြင့် စုစုပေါင်းဆေးပြား(၁၈၈၀၄၀)ပြား၊ တန်ဘိုးငွေကျပ် (၉၄၀၂)သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်။
ထပ်မံစစ်ဆေးချက်အရ ၃၁-၁၀-၂၀၁၃ ရက်နေ့က သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ် ဘုရားလမ်းနေ ဇော်မင်းအောင်(ခ)ခေါင်းကြီး(၄၂)နှစ်ထံ ဆေးပြား(၁၀၀၀၀)အားရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ဇော်မင်းအောင်၏ နေအိမ်အားဆက်လက်ရှာဖွေခဲ့ရာ ဇော်မင်းအောင်အား လက်ကိုင်ဖုန်း (၁)လုံး၊ ဆိုင်ကယ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် မှိုင်းဝေ၊ စောဘီနိုး၊ ထွန်းလှအောင် (ခ)အီစာ၊ ကျော်လွန်း(ခ) ဖားငဲ့နှင့်ဇော်မင်းအောင်(ခ)ခေါင်းကြီးတို့(၅)ဦးအား သိမ်ဆိပ်နယ်မြေရဲစခန်း မယ(ပ)၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/၂၁ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
အေးချမ်းမွန် Credit To >ရဲဇာနည်
Post a Comment