0


ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခု အနီးတွင် အသေးစားပစ်ခတ်မှုနှစ်ခု ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လက်လုပ် အိမ်တွင်းဖြစ် လက်နက်တစ်ခုကို အသုံးပြုကာပစ်ခတ်ခဲ့သည်ဟု ယူဆရကြောင်း ဂျပန်နိုင်ငံမှ စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေရာကို ပစ်ခတ်ပြီး မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ အဖြေမထုတ်နိုင်သေးဟု ဆိုသည်။ ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်သော တိုကျိုအနီးရှိ ယိုကိုတာ လေတပ်စခန်း အပြင်ဘက်တွင် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိခဲ့ဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

အိမ်တွင်းဖြစ် လက်လုပ် ကိရိယာငယ်များဟု ယူဆရသော သက်သေပစ္စည်းများတွင် သံမဏိပိုက်များ၊ ဝါယာကြိုးများ၊ ဓာတ်ခဲများ ရှိနေသည်ကို တွေ့ရသည်။ လက်သည်ကို ရှာမတွေ့သလို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူလည်း မရှိကြောင်း သိရသည်။ ဂျပန်သည် သောင်းဂဏန်းမျှရှိသည့် အမေရိကန် စစ်သည်များကို ၎င်းတို့ ပိုင်နက်မြေတွင် တပ်စွဲခွင့် ပေးထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယခုဖြစ်ရပ်သည် အမေရိကန်တပ်များကို ဦးတည်သည်ဟု ယူဆရန် ခဲယဉ်းကြောင်းလည်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ ကြာသပတေးနေ့ ညနေပိုင်းက ယိုကိုတာ လေတပ်စခန်း အပြင်ဘက်မှာ လက်လုပ်ကိရိယာ တစ်ခုကနေ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာရသူ မရှိသလို အပျက်အစီး တစ်ခုခု ဖြစ်ခဲ့တဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။ နောက်ပြီး စစ်စခန်းဘက်ကို ချိန်ရွယ်ထားတယ်လို့ ယူဆနိုင်စရာလည်း မရှိပြန်ဘူး"ဟု စုံထောက်အရာရှိ တစ်ဦးက ပြောဆိုသွားသည်။ ဂျပန်၏ NHKသတင်းဌာနက လက်နက်အဖြစ် တပ်ဆင်ထားသည့် အဆိုပါ ပိုက်များကို စခန်းအပြင်ဘက် မီတာ(၃၀၀)မျှ အကွာတွင် တွေ့ရှိရခြင်းဟု ဖော်ပြသွားသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top