0
ဇာခြည်လှိုင်

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။ ။ ဆင်းရဲ နွမ်းပါးသည့် စာသင်ကျောင်းများ မှ ကလေးငယ်များနှင့် ချို့တဲ့စွာ ပညာသင်ကြားနေရသော က လေးသူ ငယ်များ ၏ စိတ်ဓာတ်ရေး ရာမြှင့်တင်ခြင်းများအား အမျိုး သားနေ့ကို ဂုဏ်ပြုသောအား ဖြင့် တွဲကူလက်များအဖွဲ့မှပြုလုပ် ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂ရ ရက်တွင် သန် လျင်မြို့နယ်ရှိ နမ့်ဆန်သီလရှင် စာသင်ကျောင်း တိုက်တွင် (၉၃) နှစ်မြောက် အမျိုးသားနေ့ ကိုဂုဏ် ပြုသောအားဖြင့် ဆင်းရဲနွမ်းပါး သည့် ကလေးများ၏ စိတ်ဓာတ် ရေးရာမြှင့်တင်ခြင်းများ၊ ပညာ ရေး သင်ထောက်ကူပစ္စည်း လှူ ဒါန်းခြင်းများ၊ ကလေးများစာပေ ဗဟုသုတရရှိစေရန် စာပေဟော ပြောပွဲများ စသည်တို့ကိုပြုလုပ် ခဲ့ကြောင်းသိရသည်။

တွဲကူလက်များအဖွဲ့ဝင် ဒေါ်ဝေနှင်းစံက ''ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ ကိုရွေးပြီး စိတ်ဓာတ် ရေးရာ မြှင့်တင်တဲ့အနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေပြု လုပ်ပေးပြီးတော့ ပညာ ရေးအတွက်လဲ လိုအပ်တဲ့ပစ္စည်း တွေပေါ့ ဥပမာ-စာအုပ်တို့၊ လွယ် အိတ်တို့ အဲဒီလိုပစ္စည်းတွေကို လှူသွားမယ်။ ဆင်းရဲတဲ့ဒေသတွေ မှာရှိတဲ့ကျောင်းတွေကို လိုက်ပြီး လှူဒါန်းရတာက အစ်မတို့လှူတဲ့ ကျောင်းတွေကို အခြားအလှူ ရှင်တွေသိပြီး လှူဒါန်းနိုင်အောင် လို့ပါ''ဟုပြောသည်။

ယင်းက ဆက်လက်၍ လူ ငယ်များကြားတွင် ပရဟိတစိတ် ဓာတ်များဖွံ့ဖြိုးကာ ရှင်သန်လာ စေရန်အတွက် အဆိုပါအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခု တွင်လည်း လူငယ်အချင်းချင်းချိတ် ဆက်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ရှေ့ဆက်လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အတူတွဲ ကာ အဖွဲ့၏ ဆောင်ရွက်သည့် ဖွံ့ ဖြိုးရေးလုပ်ငန်းများကို တစ်ကြိမ် မျှ လိုက်လံဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း၊ ယခုပြုလုပ်သောအ မျိုးသားနေ့အခမ်းအနားသည် လည်း အတူတွဲကာအဖွဲ့၏ ကိုး ကြိမ်မြောက် ပြုလုပ်သော အ မျိုးသားနေ့ပွဲဖြစ်ကြောင်း သိရ သည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top