0


ဧရာဝတီဟာ အချုပ်အနှောင်နဲ့စီးဆင်းခဲ့ရတာ နှစ်ပေါင်း ၆၀ မက တော့ပါဘူးဗျာ။ အင်္ဂလိပ်ကျွန်ဘ၀၊ ဂျပန်ဖက်ဆစ်လက်အောက်ဘ၀၊ တရုတ်ကျူးကျော်မှုအကြိမ်ကြိမ်တွေရဲ့ အကြား ၁၉၆၂ကနေ ၂၀၁အထိ အာဏာရှင်တွေရဲ့လုပ်ချင်တိုင်းလုပ်တာပြုသမျှ နုခဲ့ရတဲ့ဧရာဝတီရဲ့ ရေပြင် ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေများလှပါပြီ။
ကမ္ဘာပေါ်မှာ အရှည်ကြာ ဆုံးရေးဆွဲခဲ့ရတဲ့ဖွဲ့စည်းပုံအခြေခံဥပ ဒေကြီး(၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ)လည်း စိတ်ကြိုက်ရေးဆွဲခဲ့ကြပြီ ဗျာ။ စိတ်ကြိုက်ရွေးကောက်ပွဲလည်း ကျင်းပချင်သလို ကျင်းပပြီးကြပြီဗျာ။ ကမ္ဘာ့အထူးဆန်းဆုံးမြို့တော်ကြီးနေပြည်တော်ကြီးကိုလည်း သူတို့ စိတ်တိုင်းကျ လက်ရွေးစင်ခရိုနီကြီးငယ်တွေကို ကန်ထရိုက်တွေပေးပြီး ကုဋေကြယ်သူဌေးတွေ ဖြစ်စေခဲ့ပြီးပြီဗျ။ မြစ်ချောင်းမရှိတဲ့အရပ်မှာပဲ အင်္ဂတေတွေ ပင်လယ်ပြင်လိုခင်းထားတဲ့မြို့ကြီးတစ်မြို့၊ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံမှာ ပေါ်ပေါက်ခဲ့ပြီးပြီဗျာ။
စိတ်ကြိုက်နိုင်ငံရေးပုံစံလည်း ပြောင်းလဲခဲ့ပြီးပြီ။မြန်မာပြည်ဟာ အခုမှ လွတ်လပ်စငှက်ငယ်တစ် ကောင်လို အပျံသင်စပျံသန်းနေပါပြီ။
ပြီးခဲ့တဲ့အပတ်က မြန်မာ့ရိုး ရာသီတင်းကျွတ်ပွဲတော်မှာ ကျုပ်တို့ ရဲ့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးက သူတို့ရဲ့လူကြီးဟောင်းအဘကြီးကို သွားရောက်ဂါရ၀ပြုခဲ့တယ်။ ဒါကတော့ လူသားတိုင်း ကိုယ့်ဆန္ဒကိုယ်ပိုင် ဆန္ဒနဲ့ ကြိုက်တဲ့လမ်းရွေးခွင့်ရှိပါတယ်။ ကန်တော့ပိုင်ခွင့် ဂါရ၀ပြုပိုင်ခွင့် ရှိပါတယ်။ သြ၀ါဒစကားတွေလည်း နာယူပိုင်ခွင့်ရှိပါတယ်။ ကိုယ်ကြိုက်လို့ ကိုယ် သွားဂါရ၀ပြုတာပဲ။
“ပြဿနာက မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့အတွက်လည်း သူမှာ စိုးရိမ်စိတ်တွေ ရှိနေပါတယ်”ဟူသော ကိစ္စအတွက်တော့ ကျယ်ပြန့်တယ် ဗျာ။ ဘာတွေကို စိတ်ပူနေတာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေက ၂၀၁၅မှာ ဘယ်သူ့ကို သမ္မတ ဖြစ် စေချင်နေတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့် ဘယ်လို လုပ်သင့်တယ် ဘယ်လိုကိုင်သင့်တယ်ဆိုတာတွေ အကြံဉာဏ်တွေ၊ အယူ အဆတွေ နည်းနာတွေပေးလိုက်သေးသလားဆိုတာတွေ ကျုပ်တို့ ဆက် စဉ်းစားရတော့မယ်။
အကယ်၍ မင်းကတော့ သမ္မတဖြစ်အောင်လုပ်၊ ဒေါ်အောင်ဆန်း စုကြည်ကို ဘယ်လိုနေရာထား လက်ရှိသမ္မတဦးသိန်းစိန်ကတော့ ဘယ်လို၊ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုတော့ ဘယ်လိုဆိုတာတွေ ဆက်ညွှန်ကြားတာတွေ လမ်းညွှန်တာတွေ အကြံပေးတာတွေမပါခဲ့ဘူးလို့ ပြောလို့မရဘူးလေ။ သီတင်းကျွတ်ကန် တော့ကျတယ်ဆိုမှတော့ ချက်ချင်းကန်တော့ပြီးထပြန်မှာတော့ မဟုတ် ဘူး။ လက်ဖက်ကလေးစား ရေနွေးလေးသောက်နဲ့တော့ အနည်းဆုံး ၁နာရီ ၂နာရီတော့ ကြာမှာပဲ။
“ဒီနေရာမှာ ကျုပ်တစ်ခုသွားသတိရမိတယ်။ ခရစ်ယာန်သမ္မာ ကျမ်း စာဓမ္မဟောင်း ထွက်ခြောက်ရာကျမ်းမှာ အဲရတ္တ(ယခု အီဂျစ်ပြည်) ကနေ့ ဂျူးတွေ(ဣသနေလတွေ)ကို ကယ်တင်ပြီး ဆိုင်းနိုင်းသဲကန္တရကို ဖြတ်လာ သောအခါ ခါနန်ပြည်(ယခု အစ္စရေးပြည်)ကို ရှာဖွေနေကြတဲ့ ဂျူးတွေကို တောင်ခြေမှာစခန်းချခိုင်းပြီး မိုးခက်ကတောင်ဘေးမှာ ဘုရားသခင်နဲ့ သွား တွေ့ဆုံပြီး တောင်အောက် ပြန်ဆင်းလာတယ်။ ဘုရားသခင်ရဲ့ ညွှန်ကြား ချက်ပညတ်တော် ၁၀ ပါးကို ကျောက်သားပေါ်မှာ ရေးထွင်းပြီး မိုးခက် ပြန်ဆင်းလာတယ်။ ဂျူးတွေကို ပညတ်တော် ၁၀ပါးကိုပြတယ်။
ကျုပ်သဘောအရတော့ နားသွားပြီပဲဗျ။ နားလိုက်တော့ပေါ့။ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဦးနေ၀င်းလည်း နားပေးသွားတာပါပဲ။ ဦးနေ ၀င်းမရှိတော့ ဆက်တက်လာတဲ့ နောက်လူတွေလည်း သူ့ဘာသာ သူ တော့ နားသွားခဲ့ကြတာပဲ။ ပိုတော့ ဆိုးသွားကြတာပေါ့ဗျ။ ဒါပေမဲ့ ကျုပ်တို့ မြန်မာတွေကလည်း ဆင်းရဲမွဲတေတဲ့ ဒဏ်ကို ခံနိုင်နေကြပါပြီ။ ဆင်းရဲလို့ ကုန်းကောက်စရာမှ မရှိတော့တာဗျ။ ဘာကိုစိုးရိမ်စရာရှိတော့လို့လဲ။ ဘာမှမရှိတော့တဲကျုပ်တို့မြန်မာပြည်သူတွေ ဘာကိုစိုးရိမ်စရာတစ်ခုမှကို မရှိတော့တာ။ တဲစုတ်ကနေ ရေခဲသေတ္တာလည်း ပျောက်စရာကို မရှိဘူး ဗျ။ တဲစုတ်မီးလောင်သွားတော့လည်း ငုတ်တုတ်ကလေး ထိုင်ကြည့်နေ လိုက်ရုံပေါ့ဗျ။ မီးသတ်ပိုက်ခေါင်းတို့ မီးသတ်သမားတို့လည်း အလုံ အလောက်မှမရှိတာ။ လာသတ်လို့လည်း သေရမှာ မကြောက်ကြတော့ဘဲ မြန်မာတွေဘ၀ပဲဗျာ။ ကျုပ်တို့ပြည်သူ သန်း ၆၀ မှာ ၉၉%ကတော့ မစိုး ရိမ်ပါဘူးဗျို့။ သန်းခါင်ထက် ညဥ့်လည်း မနက်တော့ပါဘူး။ နူနေပါတယ် ဆိုနေမှ ၀ဲစွဲမှာလည်း မစိုးရိမ်မိတော့ပါဘူး။ ကျားကိုက်ခံထားရပါ တယ်ဆိုမှ အပေါက်ကလေးနဲ့လားလို့ စိုးရိမ်တဲ့အမူအယာနဲ့လူနာလာ မေးသ လို့ဗျို။ လူထုကို စော်ကားနေတာများလားဗျ။ လုပ်ဇာတ်ကြီးပါဗျာ။ ခြံ စည်းရိုးပေါ်ခွထိုင်နေတာ အရှင်းသားကြီးမြင်နေရတယ်။ ၂၅နှစ်လုံး လုံး ဒေါ်အောင်ဆန်းစုကြည်ကို “ကုလားမ”လို့သာ တွင်တွင်ပြောခဲ့ကြ တဲ့သူတွေပဲ။ အခုတော့ အမကြီး အမကြီးနဲ့ လုပ်နေကြပြန်ပြီ။ ရယ်ချင် တယ်ဗျ။ အံ့သြလွန်းလို့လဲသေတောင်သေချင်တယ်။ မြေမှာ လျှာနှစ်ခွရှိ တယ်ဆိုတာ ဟုတ်တယ်ဗျ။ အခုပွဲကလေးကောင် ဂျင်ထိုးသလို လေး ကောင်စလုံးကို အောပြီးထိုးထားတာ။ ကြက်ရော၊ ဖားရော၊ ၀က်ရော၊ ငါးရှည့်ရောကို မလွတ်တမ်းထိုးထားတာ နိုင်ငံရေးလုံးဝကစားနေတာ တွေ့ရတယ်။
ကျုပ်တို့မြန်မာတွေကို မြန်မာပြည်သူတွေကို မြန်မာနိုင်ငံတော်ကြီး ကို လုံးဝ လုံးဝ မစိုးရိမ်ပါနဲ့ဗျာ။ ကျုပ်တို့က တစ်ကိုယ်လုံး နူနေပါပြီ။ ၀ဲရော ဂျွတ်ရော၊ ပွေးရော ထပ်စွဲလို့လည်း ဘာမှမထူးတော့ပါဘူး။ စိုး ရိမ်တယ်ဆိုတဲ့စကားက သူတို့ဆွေမျိုးသားချင်းတွေ၊ သားသမီးတွေ မြေးတော်မြစ်တော်တွေရဲ့ နောင်ရေးပဲ ဖြစ်ပါလိမ့်မယ်။
ကျုပ်တို့မြန်မာပြည်ရဲ့သမိုင်းမှာ အနော်ရထာမင်းတရားကြီးမရှိ တော့လည်း ကျန်စစ်သားမင်းကြီးဆိုတာ ပေါ်လာတာပါပဲ။ တကယ်လို့ ပုဂံနိုင်ငံတော်ကြိးကို အနော်ရထာ ထူထောင်ခဲ့တာမှန်ပေမဲ့ ကျန်စစ်သား မင်းကြီးက ဆက်လက်ထွန်းကားအောင်တည်ဆောက်ခဲ့ရတာပဲ။ ဒုတိယ မြန်မာနိုင်ငံတော်ကလည်း တပင် ရွှေထီးမရှိတော့ ဘာမှဖြစ်မသွားပါဘူး။ ဘုရင့်နောင်ကျော်ထင်မင်းတရားကြီးဆိုတာ မြန်မာအင်ပါယာ ထူထောင် ခဲ့သေးတာပဲ။
တတိယမြန်မာနိုင်ငံတော်ကို ကြည့်ပြန်တော့ အလောင်းမင်း တရားကြီးဦးအောင်ဇေယျ၊ ယိုးဒယား မြို့တော် အယုဒ္ဓယကို ၀ိုင်းထားရင်း ဖျားနာလို့ မြန်မာတပ်မတော်ကြီး အယုဒ္ဓယကနေစစ်ဆုတ်ခဲ့ရတယ်။ ဘီးလင်းနယ်၊ ကင်းရွာရောက်တော့ အလောင်းမင်းတရားကြီး ကံကုန် တယ်။ မြန်မာ့တပ်မတော်ကြီး ဘာမှမဖြစ်ခဲ့ပါဘူး။ မြန်မာနိုင်ငံတော်ကြီး ဘာမှမဖြစ်ခဲ့ပါဘူး။ သားတော်မြေဒူးမင်းသားက ဆင်ဖြူရှင်ဘွဲ့ခံပြီး မြန် မာနိုင်ငံတော်ကြီးကို အကြီးမားဆုံးထူထောင်နိုင်ခဲ့သေးတာပဲ။
ကျုပ်တို့ငယ်ငယ်တုန်းက လက်ဖက်ရည်ဆိုင်နှင့်ဝိုင်ဒီးတိုးတိုးအိတ်၊ ကျောင်းမှာတိုးတိုးတိတ်တိတ်ပြောခဲ့ ကြရတာ မှတ်မိသေးတယ်။ ဦးနေ၀င်း မရှိတော့င် မြန်မာပြည်ဘာတွေဖြစ်မလဲမသိဘူး။ တိုင်းပြည်ပျက်မလား မပျက်လားပေါ့ဗျ။ တကယ်တမ်းကျတော့ အာဏာရှင်ဦးနေ၀င်းတောင် မသေဆုံးရခင်ကတည်းက န၀တရဲ့ အကျဉ်းသားဘ၀ကိုကျရောက်သွား ခဲ့ရတာပဲ မဟုတ်လား။ မြန်မာပြည်နိုင်ငံရေးက သိပ်ခန့်မှန်းရခက်တယ်။ ဒီကနေ့ ဧကရာဇ် နောက်တစ်ရက် အကျဉ်းသားဖြစ်ချင်ဖြစ်တတ်တာ။ ဒီကနေ့သူဌေး မနက်ဖြန်အကျဉ်းသားဖြစ်ချင်ဖြစ်တာ။ ဦးနေ၀င်းလည်း ကြောက်ရ၊ ဦးနေ၀င်းမြေးတွေလည်း ကြောက်ခဲ့ရပြီးပြီ။ အခုလည်း အဘလည်း ကြောက်ရ၊ အဘမြေးလည်းကြောက်ရဖြစ်နေဦးမှာလား ကြောက်လို့ကို မကုန်နိုင်တော့ဘူး။
ဒီနေရာမှာ ကျုပ်မိတ်ဆွေတစ်ဦးဖြစ်တဲ့ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်က တစ်ခါပြောဖူး တယ်။ သမ္မတကြီးဦးသိန်းစိန်ကို ကြည့်ရတာ ငါတော့မကြောက်သလို ဖြစ်နေတယ်တဲ့။ ခင်ချင်စရာကောင်း သလိုတောင် ဖြစ်နေတယ်တဲ့။ အဲဒါသမ္မတ ဦးသိန်းစိန်ရဲ့အောင်မြင်မူပဲ။ မယုံရင် မိုးသီးဇွန်ကို ဖုန်းဆက်ပြီး မေးကြည့် လို့ရတယ်။ ဦးသိန်းစိန်က မဟုတ်တာ တစ်ခုမှမလုပ်ခဲ့တာဘဲဗျ။ မြေသိမ်း၊ လယ်သိမ်းတာလည်း မကြားဖူးဘူး။
ကျုပ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ခင်တယ်။လေးစားတယ်။ ထောက်ခံတယ်။ သမ္မတဦးသိန်းစိန်ရဲ့လူထုအတွက် အကျိုး ရှိမယ့်လုပ်ရပ် တွေ လုပ်လာလေတယ်။
အောက်တိုဘာ သုဝဏ္ဏဘောလုံးကွင်းမှာ တက္ကသိုလ်များဘော လုံးပွဲလုပ်တယ်။ အဲဒီတက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌက အဘ ဟောင်းကြီးရဲ့မြေး။ ဘယ်သူက သူ့ကိုတက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌခန့်လိုက်သလဲမသိဘူး။ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် အား/ကာ ခန့် တာလား။ ဒါမှမဟုတ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ခန့်တာလား။ ဒါမှမဟုတ် ကိုယ့်ဘာသာခန့်တာလား ဆိုတာ မေးချင်တယ်။
တက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌအဆင့်ဆိုတာ နည်းတာမှတ် လို့ဗျ။ အင်မတန်အခိုင်အမာရှိတဲ့သူတွေ လုပ်သင့်တာပေါ့။ ဒါနဲ့ ဘော လုံးပွဲမှာ ဘောလုံးကောက်တဲ့ကောင်လေးတွေက တစ်ပွဲလုံးအတွက် ဘော လုံးကောက်ခ တစ်ယောက်ကို ၁၈၀၀ ကျပ်တောင်းတယ်။ အဲဒါကို တက္က သိုလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကများလို့တဲ့မပေးနိုင်ဘူးတဲ့”လို့ ဘော လုံး ကွင်းထဲမှာ ပြောလိုက်တယ်။ သူ့အဖိုးက လက်ရှိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်းမဟုတ် တော့ဘဲနဲ့တပ်ထဲက ရဲဘော်လေးတွေခေါ်ပြီး ဘောလုံးကောက်ခိုင်းမယ်လို့ သူ့ ပါးစပ်က ထွက်သွားတဲ့ စကားက တော်တော်ကို အာဏာရှင်ဆန်နေတာတွေ့ရတယ် ။ တပ်မတော်ထဲက တပ်မတော်သား လေးတွေကို သူ့အဖိုးကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့က ကြေးစားစစ်သားတွေလို့ သဘောထားနေ သလိုဖြစ်နေတယ်။ တပ်မတော်သားတွေရောတပ်မတော်ကြီးပါ သိက္ခာကျစေတဲ့ စကားပဲဗျ။ မြန်မာ့ တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တာ။ ပြည်သူတွေပဲပိုင်တာ။ ဘယ် ဗိုလ်ချုပ်ကြီးနဲ့ ဟိုဗိုလ် ချုပ်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကမှပိုင်ခွင့်မရှိဘူးဗျ။
အဖိုးကတစ်မျိုး၊မြေးက တစ်မျိုးဗျ။
ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌကြီး ဒီဝါကျွတ်သီတင်းကျွတ်မှာ သွားပြီး ဂါရ၀ပြုနေတဲ့ အချိန် ကြားသိခဲ့ရတဲ့ မြန်မာပြည်ရဲ့အခြေအနေကို အဘကြီးက စောင့်ကြည့်နေကြောင်း၊ စိုးရိမ်ပူပန် ပါကြောင်းဆိုတဲ့သတင်းကို ကျုပ်တို့ မြန်မာပြည်သူတွေ တုံ့ပြန်ချင်တာက ဘာမှလည်း စိတ်မပူပါနဲ့တော့။ ဘာမှလည်းမစိုးရိမ်ပါနဲ့တော့။ နောက်ကွယ်ကလည်းမနေပါနဲ့တော့။ ရှေ့ကိုလည်း ပြန်ထွက်မလာပါနဲ့ တော့လို့ ကျုပ်တို့ မြန်မာပြည်သူတွေလက်ရှိသမ္မတ၊ လွှတ်တော်၊ မြန်မာ့တပ်မတော်၊ ဒေါ်အောင်ဆန်း စုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ညီညီညွတ်ညွတ်ပဲ ကောင်းရာမွန်ရာလမ်းကြောင်းကို ဆက် လက်ချီတက်ပါရစေတော့။ အချုပ်အချယ်အောက်မှ နှစ် ၆၀ စီးခဲ့ရလေသော ဧရာဝတီရေ၊ ဒီတစ်ခါတော့ လွတ်လပ်စွာ စီးဆင်းပေလေတော့လို့ ကျုပ်တောင်းဆို လိုက်တယ်ဗျ။
အာဏာရှင်ဝါဒ မုချချုပ်ငြိမ်းရမည်

စစ်သူရဲဗလမင်းထင်
https://www.facebook.com/photo.php?fbid=673241606030533&set=a.673241446030549.1073741830.667397836614910&type=1

အေးချမ်းမွန် Credit To > သူရိယနေဝန်း https://www.facebook.com/excellencemedia

Post a Comment

 
Top