0


ဝါရှင်တန် နိုဝင်ဘာ ၁ဝ

အမေရိကန် ရေတပ်သည် ၎င်း၏ ပထမဆုံးပုံစံသစ် လေယာဉ်တင် သင်္ဘောသစ် တစ်စင်းအား အမည်ပေးသည့် အခမ်းအနားကို အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Newport News

သင်္ဘောကျင်း၌ ကျင်းပခဲ့ကြောင်း နိုဝင်ဘာ ၁ဝ ရက် အင်တာနက် သတင်းတစ်ရပ် အရသိရသည်။ Gerald R.Ford အတန်းအစား လေယာဉ်တင် သင်္ဘောများအား ဦးဆောင်မည့် အဆိုပါ လေယာဉ်တင်သင်္ဘောကို USS Gerald R.Ford (CVN 78) ဟု အမည်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကို Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများ နေရာတွင် အစားထိုး အသုံးပြုသွားမည် ဖြစ်ကြောင်းနှင့် တိုက်ခိုက်ရေးစွမ်းရည် မြင့်မားစေရေး အထောက်အကူ ပေးရန် ဒီဇိုင်းရေးဆွဲတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်တင် သင်္ဘောသည် ကမ္ဘာပေါ်တွင် နည်းပညာအရ ခေတ်အမီဆုံး လေယာဉ်တင် သင်္ဘောတစ်စင်းဖြစ်ကြောင်း အဆိုပါ လေယာဉ်တင် သင်္ဘော၏ စစ် ရေယာဉ်မှူး ဗိုလ်မှူးကြီး John Meier က ထုတ်ဖော်ပြောကြား ခဲ့သည်။

အေးချမ်းမွန် Credit To >မြ၀တီhttps://www.facebook.com/excellencemedia

Post a Comment

 
Top