Home
»
အထွေထွေ
» မိုးအနည်းငယ် နေရာကွက်ကျား ရွာသွန်းနှိုင်ပါတယ်။ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးများတွင် တိမ်အနည်းငယ်မှအသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သခန့်မှန်းချက်ပါ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ရက်သတ္တပတ်အတွက် မိုးလေ၀သခန့်မှန်းချက်။Weather News Update7-11-20138:00 am၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၁၃-၁၉)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အများအားဖြင့်သာယာပါ့တယ်။ ဘင်္ဂလားပင်လယ်အော်မုန်တိုင်း ဖြစ်နှိုင်ခြေ လျော့နည်းနေနှိုင်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်တောင်ပိုင်းအတွင်းရှိအပူပိုင်း မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်း အဖြစ် အားလျော့သွားနိုင်ပြီး၊ ထိုင်းပင်လယ်ကွေ့ တောင်ပိုင်းအစွန်းကိုဖြတ်သန်း သွားနှိုင်ပါတယ်။ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်း အကြိမ်(၃၀)မြောက် ဖြစ်ပေါ်သော တိုင်းဖွန်းမုန်တိုင်း Haiyan ၀င်ရောက်လာနှိုင် ပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။ မြန်မာ့ ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၁)ပေမှ(၂)ပေခန့် ရှိနှိုင်ပါတယ်။
ညအပူချိန်များအခြေအနေ ။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် ညအပူချိန်များဟာ 13°C - 16°C ခန့်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ နေပြည်တော်တိုင်း ဒေသကြီး၊မကွေးတိုင်းဒေ သကြီးတို့တွင် ညအပူချိန်များဟာ 17°C - 20°C ခန့်၊ ကျန်ပြည်နယ်နဲ့ တိုင်း ဒေသကြီး များမှာ 21°C- 23°C ရှိနိုင်ပါတယ်၊
မိုးတိမ်တောင်အခြေအနေ။ မြန်မာနိုင်ငံအောက်ပိုင်း နဲ့ တောင်ပိုင်းဒေသတို့မှာ မိုးတိမ်တောင်များ ဖြစ်ပေါ် ရန်သေချာ မှု ၄၀% ခန့် အထိရှိပါတယ် ။
မိုးရွာသွန်းမှုအခြေအနေ။
ကချင်ပြည်နယ်တွင် (၅)ရက်ခန့်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ် တို့တွင် (၃)ရက်မှ(၄)ရက်ခန့်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် (၁)ရက်မှ(၂)ရက်ခန့် မိုးအနည်းငယ် နေရာကွက်ကျား ရွာသွန်းနှိုင်ပါတယ်။ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးများတွင် တိမ်အနည်းငယ်မှအသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။ ရွာရန် ရာနှုန်း ၈၀% ရှိပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
အေးချမ်းမွန် Credit To >Popular Journal https://www.facebook.com/excellencemedia
Post a Comment