0


ဗွီအိုအေ (မြန်မာဌာန)/18.11.2013

ခရီးသည်တင်ရုရှားလေယာဉ်တစီး Kazan မြို့လေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားရင်း ပျက်ကျခဲ့လို့ လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး စုစုပေါင်း ၅၀ သေဆုံးသေဆုံးခဲ့ရပါတယ်။

ခရီးသည် ၄၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၆ ယောက် လိုက်ပါလာတဲ့ Tatarstan လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ မော်စကိုမြို့က ပျံသန်းခဲ့ပြီး တနင်္ဂနွေနေ့က Kazan မြို့လေဆိပ်ကို ဆင်းသက်ဖို့ ဒုတိယအကြိမ်ကြိုးစားစဉ် ပြေးလမ်းနဲ့ တိုက်မိပြီး ပေါက်ကွဲခဲ့တာလို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မော်ကိုမြို့အရှေ့ဘက် ၄၄၈ မိုင်အကွာရှိ Kazan မြို့ လေဆိပ်မှာ Boeing 737 လေယာဉ်ဟာ ဘာကြောင့် အခုလို ပျက်ကျရတာလဲဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။

လေယာဉ်ပျက်ကျရာမှာ ရှိနေတဲ့ အရေးပေါ်လူနာတင်ကား။
(နိုဝင်ဘာ ၁၇၊ ၂၀၁၃)

အေးချမ်းမွန် Credit To >VOAhttps://www.facebook.com/excellencemedia
5

Post a Comment

 
Top