0


တကယ်တော့
ကာမဂုဏ် အာရုံတွေကို စွန့်နိုင်တယ်ဆိုတာ
လောကအကြောင်း၊ ကာမဂုဏ် အကြောင်းကို
ကောင်းကောင်းကြီး သိသွားလို့ပါ။

လောကအကြောင်း ကာမဂုဏ်အကြောင်း
မသိသေးတဲ့သူက မစွန့်နိုင်သေးဘူးပေါ့။
ကောင်းကောင်း မသိသေးလို့
ကောင်းကောင်း မစွန့်နိုင်သေးတာပါ။

ကောင်းကောင်းသိတဲ့
တစ်နေ့ကျရင်တော့
ကောင်းကောင်း စွန့်နိုင်ကြမှာပါပဲ။

အာရုံစုံအောင် ခံစားကြည့်ပြီးမှ
အကြောင်းသိတာထက်
အာရုံတချို့ ခံစားဖူးရုံနဲ့
အကြောင်းသိတာက
အသိဥာဏ်ပိုကြီးပါတယ်။

အားရအောင် ခံစားပြီးကာမှ
အကြောင်းသိတာထက်
အားမရခင် အကြောင်းသိတာက
အသိဥာဏ်ပိုကြီးပါတယ်။

ကိုယ်တိုင်ခံစားပြီးမှ
အကြောင်းသိတာထက်
သူများခံစားတာကြည့်ပြီး
အကြောင်းသိတာက
အသိဥာဏ်ပိုကြီးပါတယ်။

{ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) }

( Credit to လှိုင် တိုး )


အေးချမ်းမွန် Credit To >နှလုံးသားအာဟာရ

Post a Comment

 
Top