0


CSKA မော်စကို အသင်းကို အနိုင်ရခဲ့သော အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွင် ခြေသလုံး ကြွက်သား ဒဏ်ရာရရှိခဲ့သော မန်စီးတီး ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားသည် ၁ လခန့် အနားယူရဖွယ် ရှိနေကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါ စပိန် ကွင်းလယ်လူ သည် မန်စီးတီး အသင်း၏ ပွဲစဉ် ၅ ပွဲကို ပါဝင် ကစားရန် မသေချာသလို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကစားမည့် ဆောက်သင်တန် အသင်းနှင့် ပွဲစဉ်မှသာ မန်စီးတီး အသင်းအတွက် ပြန်လည် ပါဝင် ကစားဖွယ် ရှိသေည်။ အသက် ၂၇ နှစ် အရွယ်ရှိ ဗလင်စီယာ ကွင်းလယ်လူဟောင်း ဆေးလ်ဗားသည် ယခုရာသီတွင် ခြေစွမ်းပြ ကစားနေပြီး မန်စီးတီး အသင်း အတွက် ပရီးမီးယားလိဂ် တွင် ၇ ပွဲ ကစားကာ ၃ ဂိုး သွင်းယူထားသူ ဖြစ်သည်။ မန်စီးတီး နည်းပြ ပယ်လီဂရီနီသည် ပေါင်ခြံ ဒဏ်ရာကြောင့် အောက်တိုဘာလ အစောပိုင်း ကတည်းက အနားယူနေရသော မန်စီးတီး နောက်ခံလူ ကွန်ပနီ အနေဖြင့် ယခုလ ၂၄ ရက် စပါး အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် မန်စီးတီး အသင်း အတွက် ပြန်လည် ပါဝင် ကစားနိုင်မည်ဟု ယုံကြည် နေသည်။ အဆိုပါ စပိန် ကွင်းလယ်လူ ဆေးလ်ဗားသည် CSKA မော်စကို အသင်းနှင့် ပွဲစဉ်တွင် ယင်းဒဏ်ရာကို ရရှိခဲ့ပြီး ပွဲချိန် ၆၆ မိနစ်၌ နောက်ခံလူ ကိုလာရော့ဗ်နှင့် လူစားလဲခဲ့သည်။

Ref : http://www.myanmargoal.com/

အေးချမ်းမွန် Credit To >Yatanarpon Call Center https://www.facebook.com/excellencemedia

Post a Comment

 
Top