0

ရန်ကုန်-နိုဝင်ဘာ၇

ယူကေမှနာမည်ကြီး a cappella အဖွဲ့ဖြစ်သည့် Black Voices မှ
မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ် အခမဲ့ ဖျော်ဖြေမည်ဟုသိရသည်။
ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင်
Strand Hotel ၌ မြန်မာနိုင်ငံရှိ ဂီတမြတ်နိုးသူပရိတ်သတ်အတွက်
အခမဲ့တင်ဆက်မည်ဖြစ်သည်။
အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ “ဂီတမိတ်” ဂီတကျောင်း
မှလည်း ပါဝင်တွဲဖက် တင်ဆက်မည်ဖြစ်သည်။
ဆယ်စုနှစ်နှစ်ခုကြာ
အောင်မြင်စွာရပ်တည်လာခဲ့သည့်
Black Voices အဖွဲ့သည် Ray Charles ၊ Nina
Simone ၊ Wynton Marsalis နှင့် Take 6 တို့ကဲ့သို့သော
ဂီတထိပ်သီးတို့နှင့်တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလား
နှင့် ဗြိတိန်တော်ဝင်မိသားစု အစရှိသည့် ထင်ရှားသူတို့အား
ဖျော်ဖြေခဲ့ဖူးကြောင်းသိရသည်။ဗြိတိသျှကောင်စီမှ a cappella
အဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့အား မြန်မာနိုင်ငံတွင်
်ဖျော်ဖြေပေးရန်ဖိတ်ကြားထားခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top