ချိုကို | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၈ မိနစ်
အောက်တိုဘာ ၁၀ ရက်က ချို့ယွင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော ရေအောက် အင်တာနက်ဆက်ကြောင်း Sea Me We 3 အင်တာနက်လိုင်းကို ပြန်လည်ပြုပြင်ခြင်းလုပ်ဆောင်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ထားသည်။
ပြတ်တောက်ရာတွင် ဖျာပုံမြို့အနီးရှိ Power Cable Case ဖြစ်ပေါ်နေခြင်းဖြစ်ကာ Power Cable ကြိုးအတွင်း
ရေ၀င်၍ Shock ဖြစ်နေသည့် Joint Closure ကို အသစ်လဲလှယ်ပြီး Power Cable ကြိုး မီတာ ၇၀ ကို အသစ် လဲလှယ်ခြင်း၊ ဖျာပုံမြို့Terminal စခန်း မှ ၂၂ ကီလိုမီတာအကွာအဝေးရှိ မြှုပ်နှံသွယ်တန်းထားသော Power Cable
နှင့် ဖိုက်ဘာကေဘယ်လ်ကြိုးတို့ကို မယ်လေရိုးတံတား ပေါ်သို့ ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါအင်တာနက်လိုင်းကို ပြုပြင်ချိန် တစ်ပတ်ခန့်ကြာမြင့်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားပြီး အောက်တိုဘာ ၁၅ ရက် နေ့လယ်တွင် ပြန်လည်ကောင်းမွန်သည့်အတွက် နိုင်ငံခြားဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆိုသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment